ထာဝရဘုရား ကလည်း ၊ သင် ၏ ဝမ်းအတွင်း ၌ လူမျိုး နှစ် မျိုးရှိ၏။ သင် ၏ဝမ်း ထဲက ခြားနား သော လူစု နှစ် စုကို ဘွားရလိမ့်မည်။ လူ တမျိုးသည် တမျိုး ထက် အားကြီး လိမ့်မည်။ အကြီး သည်အငယ် ၌ ကျွန် ခံရလိမ့်မည်ဟု မိန့် တော်မူ၏။
TSK
TSK · ဩဗဒိဗျာဒိတ်ရူပါရုံ 1:21
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
နောက်တဖန်ထာဝရဘုရား ကို အော်ဟစ် ကြသောအခါ၊ ကယ်တင် သောသခင် ၊ ကာလက် ညီ ၊ ကေနတ် ၏သား ဩသံယေလ ကို သူ တို့အဘို့ ပေါ်ထွန်း စေတော်မူ၏။
ငါ ၏ ရှင်ဘုရင်ကို သန့်ရှင်း သော ဇိအုန် တောင် တော်ပေါ် မှာ၊ ငါ့ ကိုယ်တိုင်ဘိသိတ် ပေးပြီဟု မိန့်တော်မူ မည်။
မြေကြီး ပေါ်မှာ ကြွယ်ဝ သောသူအပေါင်း တို့ သည် စား ၍ ကိုးကွယ် ကြလိမ့်မည်။ ကိုယ် အသက် ကိုမ စောင့် နိုင်။ မြေမှုန့် သို့ဆင်း ရသောသူအပေါင်း တို့သည်လည်း၊ ရှေ့ တော်၌ ညွတ် ပြတ်ဝပ်တွားကြလိမ့်မည်။
သန့်ရှင်း သူတို့သည် ဘုန်းကြီး ၍ ဝမ်းမြောက် ဝမ်းသာကြစေ။ ကျိန်းဝပ် ရာပေါ် မှာ ရွှင်လန်းစွာ သီချင်း ဆိုကြစေ။
အကြောင်း မူကား၊ ငါ တို့အဘို့ သူငယ် ကို ဘွားမြင် ၏။ ငါ တို့အား သား ကိုသနား တော်မူ၏။ ထိုသူသည် အုပ်စိုးခြင်း အာဏာစက် ရှိ လိမ့်မည်။ နာမ တော်မူကား အံ့ဩ ဘွယ်၊ တိုင်ပင် ဘက်၊ တန်ခိုး ကြီးသောဘုရား သခင်၊ ထာဝရ အဘ၊ ငြိမ်သက် ခြင်းအရှင် ဟု ခေါ်ဝေါ် သမုတ် ခြင်းကိုခံ တော်မူလိမ့်မည်။
လ သည်လည်း မျက်နှာပျက် လိမ့်မည်။ နေ သည် လည်း အရှက် ကွဲလိမ့်မည်။ အကြောင်း မူကား၊ ကောင်းကင် ဗိုလ်ခြေ အရှင်ထာဝရဘုရား သည်၊ ဇိအုန် တောင် ပေါ် မှာ ယေရုရှလင် မြို့၌ မင်းပြု ၍ ၊ အသက်ကြီး သူတို့ ရှေ့ တွင်ဘုန်းကြီး တော်မူလတံ့။
လက် နှင့် မ ထုမလုပ်ဘဲ ကျောက် တလုံးသည် တောင် ပေါ်က အလိုလိုပဲ့ကွာ ၍၊ သံ ၊ ကြေးဝါ ၊ သရွတ် ၊ ငွေ ၊ ရွှေ တို့ကိုချိုးဖဲ့ သည် ကိုမြင် တော်မူသည်အကြောင်းအရာမှာ ၊ ပျက်စီး ခြင်းသို့မ ရောက်နိုင်သော နိုင်ငံ တခုကို ထို မင်းကြီး များလက်ထက် ၌ ကောင်းကင်ဘုံ ရှင်ဘုရားသခင် သည်တည်ထောင် စေတော်မူမည်။
ကောင်းကင် အောက် ၌ နိုင်ငံ နှင့်တကွအာဏာစက် ဘုန်း တန်ခိုးရှိသမျှကို အမြင့်ဆုံး သော ဘုရား၏ သန့်ရှင်း သော အမျိုးသား တို့သည် ရ ကြလိမ့်မည်။ ထို ဘုရားသခင်၏ နိုင်ငံ တော်သည် ထာဝရ နိုင်ငံ ဖြစ်၏။ မင်းကြီး အပေါင်း တို့သည် တိုးဝင်၍ ကျွန် ခံရကြလိမ့်မည်။
ထိုအခါ ထာဝရဘုရား ကို ပဌနာ ပြု သောသူ ရှိသမျှ တို့သည် ကယ်တင် တော်မူခြင်းသို့ ရောက်ရကြ လတံ့။ အကြောင်း မူကား၊ ထာဝရဘုရား မိန့် တော်မူသည် အတိုင်း ဇိအုန် တောင် ၊ ယေရုရှလင် မြို့၌ ၊ ထာဝရဘုရား ခေါ် တော်မူသောသူ အကျန် အကြွင်းတို့အဘို့ ကယ်တင် ခြင်းအခွင့် ရှိ ရလတံ့။
ထိုသခင်သည် ရပ် ၍ ထာဝရဘုရား ၏အစွမ်း သတ္တိနှင့် ၎င်း ၊ မိမိ ဘုရား သခင် ထာဝရဘုရား ၏နာမ တော် တန်ခိုး အာနုဘော် နှင့် ၎င်း ၊ မိမိသိုးစုကို ကျွေးမွေး လိမ့်မည်။ သူတို့သည်လည်း တည် ကြလိမ့်မည်။ အကြောင်း မူကား၊ ထိုသခင်သည် မြေကြီး စွန်း တိုင်အောင် အစိုးရ ၍ ၊ ရန်ငြိမ်း ခြင်း အကြောင်းဖြစ် တော်မူလိမ့်မည်။
သူတို့သည် စစ်တိုက် ရာတွင် လမ်း ၌ ရှိသောရွှံ့ ကိုနင်း သော စစ် သူရဲကဲ့သို့ ဖြစ် ကြလိမ့်မည်။ ထာဝရ ဘုရား ၏ ကျေးဇူးတော်ကို ခံရသောကြောင့် ၊ စစ်တိုက် ၍ မြင်း စီး သူရဲတို့ကို အရှက် ခွဲကြလိမ့်မည်။
နိုင်ငံ တော်တည်ထောင် ပါစေသော။ အလို တော်သည် ကောင်းကင် ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီး ပေါ်မှာ ပြည့်စုံ ပါစေသော။
ထိုသား သည်ကား၊ ကြီးမြတ် သောသူ ဖြစ် လိမ့်မည်။ အမြင့်ဆုံး သော ဘုရား၏သားတော်ဟု ခေါ်ဝေါ် သမုတ်ခြင်းကို ခံရလိမ့်မည်။ သူ့ အဘ ဒါဝိဒ် ၏ ရာဇပလ္လင် ကို ထာဝရ အရှင်သခင် သည် သူ့ အားပေး တော်မူမည်။
သန့်ရှင်း သူတို့သည် လောကီ နိုင်ငံကို တရား စီရင်မည်ဟု မ သိ ကြသလော။ သင် တို့သည် လောကီ နိုင်ငံကို စီရင် ရသည်မှန်လျှင် ၊ အငယ်ဆုံး သော အမှုများကို မ စီရင် ထိုက်သလော။
အပြစ် ရှိသောသူကို မှားယွင်း သောလမ်း မှ ပြန် စေသောသူ သည်၊ ဝိညာဉ် ကို သေ ခြင်းမှ ကယ်တင် ၍ များစွာ သောအပြစ် တို့ကို ဖုံးအုပ် တတ် သည်ဟု ထိုသူသည် သိမှတ် စေ။
တဖန်တုံ ၊ ဟာလေလုယ ၊ အနန္တ တန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရ အရှင်၊ ငါ တို့ဘုရားသခင် သည် စိုးစံ တော်မူ၏။
ပလ္လင် များကိုလည်း ငါမြင် ၏။ ပလ္လင် ပေါ်မှာ ထိုင် သော သူ တို့သည် တရား စီရင်ရသောအခွင့်ကို ရကြ၏။ သားရဲ နှင့် သူ ၏ရုပ်တု ကိုမ ကိုးကွယ် ၊ သူ တို့၏ တံဆိပ် လက်မှတ်ကို နဖူး ၌ မ ခံ ၊ လက် ၌ မခံဘဲနေ၍ ယေရှု ၏ သက်သေခံ တော်မူချက်နှင့် ဘုရားသခင် ၏ နှုတ်ကပတ် တော်ကြောင့် ၊ လည်ပင်း ဖြတ်ခြင်းကို ခံရသော သူ တို့၏ ဝိညာဉ် များကို ငါမြင်၏။ သူတို့သည် အသက် ရှင်၍ အနှစ် တစ်ထောင် ပတ်လုံးခရစ်တော် နှင့်အတူ စိုးစံ ရကြ၏။