TSK

TSK · ဖိလိပ္ပိဩဝါဒစာ။ 3:21

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

သေခြင်းကိုလည်း နစ်မွန်းဆုံးရှုံးစေတော်မူလိမ့်မည်။ အရှင်ထာဝရဘုရားသည်လည်း၊ ခပ်သိမ်းသော မျက်နှာတို့မှ မျက်ရည်ကိုသုတ်တော်မူလိမ့်မည်။ ကိုယ်တော် ၏လူတို့သည် ခံရသောကဲ့ရဲ့ခြင်းကိုလည်း၊ မြေကြီး တပြင်လုံး၌ ပယ်ရှင်းတော်မူလိမ့်မည်ဟု၊ ထာဝရဘုရား အမိန့်တော်ရှိ၏။

သူ တို့ကို မရဏာ နိုင်ငံတန်ခိုး မှ ငါကယ်လွှတ် မည်။ သေ မင်းလက်မှ လည်း ရွေး မည်။ အိုသေမင်း ၊ သင့် ကို ကာလနာ စွဲစေမည်။ အိုမရဏာ နိုင်ငံ၊ သင် ၌ ဖျက်ဆီး သောဘေးကို ရောက်စေမည်။ နောင်တ ရမည်အကြောင်းကို ပမာဏ မ ပြု။

¶ ယေရှု ကလည်း ၊ သင်တို့သည် ကျမ်းစာ ကိုနား မ လည်၊ ဘုရားသခင် ၏တန်ခိုး တော်ကို မ သိသောကြောင့်မှား သောအယူကိုယူကြ၏။

ငါ အမှန်အကန် ဆိုသည်ကား ၊ သေ လွန်သောသူ တို့သည် ဘုရားသခင် သား တော်၏ စကား သံကိုကြား ၍ ၊ ကြား သောအားဖြင့်အသက် ရှင်ရမည့်အချိန် ကာလသည် လာ၍ယခုပင် ရောက် လျက်ရှိ၏။

ဘုရားသခင် ၏သား တော်သည် အများ သော ညီ တို့တွင် သားဦး ဖြစ် တော်မူမည်အကြောင်း ၊ ဘုရားသခင်သည် ရှေ့မဆွ ကသိတော်မူသော သူ တို့ကို သားတော်၏ပုံ သဏ္ဌာန်နှင့်တညီတည်း ဖြစ်စေခြင်းငှာရှေ့မဆွက ခွဲခန့် မှတ်သားတော်မူ၏။

ထိုနည်းတူ ၊ သေ သောသူတို့၏ ထမြောက် ခြင်းအကြောင်းအရာဖြစ်၏။ ကိုယ်သည်စိုက် သောအခါ၊ ပုပ် တတ်သောသဘောရှိ၏။ ထမြောက် သောအခါ မ ပုပ်နိုင်သောအဖြစ်၌ တည်၏။

ငါ တို့အသက် တည်းဟူသောခရစ်တော် သည် ထင်ရှား တော်မူသောအခါ ၊ ငါ တို့သည်လည်း ထိုသခင် နှင့်အတူ ဘုန်းကြီး ၍ ထင်ရှား ကြလတံ့။

ငါ သည် အာလဖ ဖြစ် ၏။ ဩမေဃ လည်း ဖြစ်၏ ဟု အနန္တ တန်ခိုးနှင့်ပြည့်စုံတော်မူ၍ ၊ ပစ္စုပ္ပန် ၊ အတိတ် ၊ အနာဂတ် ကာလအစဉ် ရှိတော်မူသော ထာဝရ အရှင် ဘုရားသခင် မိန့် တော်မူ၏။

တစ်ဖန်တုံ ၊ ဖြူ သောပလ္လင် ကြီး ကို၎င်း ၊ ပလ္လင် ပေါ်မှာ ထိုင် တော်မူသောသူ ကို၎င်း ငါမြင် ၏။ ကောင်းကင် နှင့် မြေကြီး သည် မျက်နှာ တော်ရှေ့မှ ပြေး လွင့်၍ သူ တို့နေစရာအရပ် မ ရှိ ။