TSK

TSK · သုတ္တံကျမ်း။ 1:19

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

ယောရှု က၊ ငါ တို့ကို အဘယ်ကြောင့် နှောင့်ရှက် သနည်း။ ယနေ့ ထာဝရဘုရား သည် သင့် ကို နှောင့်ရှက် တော်မူမည်ဟု ဆို သဖြင့် ၊ ဣသရေလ အမျိုးသားအပေါင်း တို့သည် ကျောက်ခဲ နှင့် ပစ်ကြ၏။ ကျောက်ခဲ နှင့် ပစ်ကြ ပြီးမှ ၊ မီး ရှို့ကြ၏။

ဘုရား သခင်၏လူ ဧလိရှဲ ၏ကျွန် ဂေဟာဇိ က၊ ဤ ရှုရိ လူနေမန် ဆောင် ခဲ့သော ဥစ္စာကို ငါ့ သခင် သည် မခံမယူ။ သူ့ကို အလွန်သနားပြီ။ ထာဝရဘုရား အသက် ရှင် တော်မူသည်အတိုင်း ၊ သူ့ နောက် သို့ ငါလိုက် ၍ တစုံ တခုကို ယူ မည်ဟု အကြံရှိလျက်၊”

မိမိ မ ကောင်းသော အကြံအစည်သည် မိမိ ခေါင်း ပေါ် မှာ ပြန် ရောက်၍ ၊ မိမိ ကြမ်းတမ်း သောအမှု သည် မိမိ ခေါင်း ထိပ်ပေါ် မှာ သက် ရောက်တတ်၏။

ထိုမင်း ၏ခဲဘွယ် စားဘွယ်တို့ကို အလို မ ရှိနှင့်။ လှည့်စား တတ်သော အစာ ဖြစ်၏။

စည်းစိမ် ရှင်သည် ကိုယ် အကျိုး ပျက်သည်တိုင်အောင် ၊ စည်းစိမ် ကိုသိုထား ခြင်းတည်းဟူသော၊ နေ အောက် ၌ အလွန် ဆိုးသောအမှုအရာကို ငါမြင် ပြီ။

¶ ဒုစရိုက် ကို ပြုခြင်းငှါ အိပ်ရာ ပေါ် မှာ မကောင်း သော အကြံကိုကြံ ၍ ၊ မိုဃ်းလင်း သောအခါ အခွင့်ရသည် အတိုင်း ပြု တတ်သောသူတို့ သည် အ မင်္ဂလာရှိကြ၏။

မိမိ အသိုက် ကို မြင့် သော အရပ်၌ တင် ၍ ဘေးဒဏ် လက် မှ မိမိလွတ် စေခြင်းငှါ ၊ မ ကောင်းသော အဓမ္မ စီးပွားကို မိမိ အမျိုး အဘို့ ရှာ သောသူသည် အ မင်္ဂလာ ရှိ၏။

စပျစ်ရည် နှင့်ပျော်မွေ့ခြင်း၊ သူတစ်ပါးကိုရိုက်ပုတ်ခြင်း၊ မ စင်ကြယ်သော စီးပွားကိုတပ်မက်ခြင်းမ ရှိ၊ စိတ် ဖြည်းညှင်းသောသူ၊ ရန် မတွေ့တတ်သောသူ၊ ငွေ ကို မတပ်မက်သောသူဖြစ်ရမည်။

¶ အချင်းသူဌေး၊ သူကြွယ်တို့ ၊ ယခု လာ ကြ၊ သင် တို့အပေါ် ၌ရောက် လတံ့သော ဆင်းရဲဒုက္ခဝေဒနာ ကြောင့် ငိုကြွေး အော်ဟစ် ကြ။

သူတို့သည်သူ့ မယားကိုပြစ်မှားသော ကိလေသာနှင့် ပြည့်စုံ သော မျက်စိ ရှိ ၍၊ ဒုစရိုက် ကို မပြုဘဲ မ နေနိုင်ကြ။ စိတ် နှလုံး မ တည်ကြည်သော သူတို့ကို အပြစ် သို့ သွေးဆောင် တတ်ကြ၏။ လောဘ လွန်ကျူးခြင်း၌ ကျင်လည်၍၊ ကျိန် တော်မူခြင်း၏ သား ဖြစ်ကြ၏။