TSK

TSK · သုတ္တံကျမ်း။ 10:3

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

အစာခေါင်းပါး သောအခါ သေဘေး မှ ၎င်း ၊ စစ်တိုက် သောအခါ ထား ဘေးမှ ၎င်း၊ သင့် ကို ရွေးနှုတ် တော်မူလိမ့်မည်။

ဆိုး သောသူသည်ကြာမြင့်စွာကာလ မဝါကြွားရ ကြောင်းကို၎င်း ၊ အဓမ္မ လူသည် ခဏ သာ ဝမ်းမြောက် ကြောင်း ကို၎င်းမသိသလော။

သူ ၏အိမ် ၌ရှိသောဥစ္စာ သည်ကွယ်ပျောက် ၍၊ အမျက် တော် ထွက်သာနေ့ ၌ ရေကဲ့သို့စီး သွားလိမ့်မည်။

သေ ဘေးနှင့် ကင်းလွတ် မည်အကြောင်း ၊ အစာ ခေါင်းပါး သည် ကာလ၌ အသက် ရှင်မည်အကြောင်း ၊ သူ တို့ကိုကြည့်ရှု လျက် ရှိတော်မူ၏။

ခြင်္သေ့ တို့သည် ဆင်းရဲ ၍ ငတ်မွတ် ခြင်းကို ခံရသော်လည်း ၊ ထာဝရဘုရား ကို ရှာ သောသူတို့၌ ကောင်း သောအရာတစုံ တခုမျှ မ လို ရာ။

သူတို့သည် ခဲယဉ်း သောကာလ ၌ မျက်နှာ မ ပျက်၊ အစာ ခေါင်းပါးသည်ကာလ ၌ ဝ စွာစားရကြ၏။

မ တရားသောသူတို့သည် မြင် ၍ ၊ နာကြင် သောစိတ် ရှိကြလိမ့်မည်။ အံသွား ခဲကြိတ်၍ ပိန်ချုံး ကြလိမ့်မည်။ မ တရားသောသူတို့၏ အလို သည် ပျက်စီး ရလိမ့်မည်။

ခိုင်ခံ့ သော ကျောက် မြို့၌ ခိုလှုံ လိမ့်မည်။ ထိုသူ အား အစာ ကို အစဉ်ပေး ရလိမ့်မည်။ သောက်ရေ လည်း မပြတ် ရ။

ထာဝရဘုရား အမျက် ထွက်တော်မူသောနေ့ ၌ သူ တို့ရွှေ ငွေ သည် သူ တို့ကို မ ကယ်တင် နိုင် ရာ။ ဒေါသ အမျက်တော်မီး သည် တပြည်လုံး ကို လောင် လိမ့်မည်။ ပြည်သူ ပြည်သားအပေါင်း တို့ကို အလျင်အမြန် စီရင် ၍ အကုန်အစင် သုတ်သင်ပယ်ရှင်းတော်မူလိမ့်မည်။

တစ်ဖန် တပည့် တော်တို့အား မိန့် တော်မူသည်ကား၊ ထိုကြောင့် သင်တို့သည် အဘယ်သို့ စား ရမည်ဟူ၍အသက် အဘို့ မ စိုးရိမ် ကြနှင့်။ အဘယ်သို့ ဝတ် ရမည်ဟူ၍ကိုယ် အဘို့ မ စိုးရိမ်ကြနှင့်ဟု ငါဆို ၏။

သင်တို့၏ကျင့်ကြံ ပြုမူခြင်းသည် ငွေ ကိုတပ်မက်ခြင်းနှင့် ကင်းလွတ်၍၊ ကိုယ်၌ရှိ သောဥစ္စာနှင့် ရောင့်ရဲ ခြင်းရှိကြလော့။ အကြောင်းမူကား ၊ ငါသည် သင့် ကိုမ စွန့် ၊ သင့် ကိုအလျှင်း ပစ် ၍မ ထားဟု ဂတိတော်ရှိ ၏