သင့် အိတ် ၌ ကြီး သောအလေး ၊ ငယ် သောအလေး တည်းဟူသောခြားနားသော အလေးကို မ ရှိ စေရ။
TSK
TSK · သုတ္တံကျမ်း။ 11:1
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
မှန် သောအလေး နှင့် မှန်သောချိန်ခွင် သည် ထာဝရ ဘုရား၏ဥစ္စာဖြစ်၏။ အလေး အိတ်၌ပါသမျှ သော အလေးတို့သည် စီရင် တော်မူရာ ဖြစ်ကြ၏။
အလေး ချင်းမတူသော အလေးတို့ကို ထာဝရဘုရား စက်ဆုပ် ရွံရှာတော်မူ၏။ စဉ်းလဲ သောချိန်ခွင် လည်း အပြစ် ရှိ၏။
သူသည် ကုန်သည် ဖြစ်၏။ စဉ်းလဲ သော ချိန်ခွင် ကို ကိုင် တတ်၏။ သူတပါးကို ညှဉ်းဆဲ ခြင်းငှါ အလိုရှိ ၏။
ဧဖာ လေးကို ငယ် စေခြင်းငှါ ၎င်း ၊ ကျပ်လေး ကိုကြီး စေခြင်းငှာ ၎င်း လုပ်၍၊ စဉ်းလဲ သော ချိန်ခွင် ကို သုံးလျက်ဆင်းရဲ သောသူကို ငွေ နှင့် ၎င်း ၊ ငတ်မွတ် သောသူကို ခြေနင်း တရံနှင့် ၎င်း ဝယ် ၍၊