မြည်း တို့ကို တွေ့ ပြီဟု ရှမွေလသည် အတပ်ပြော ကြောင်းကိုသာ ရှောလု သည် ဘထွေး အား ပြန်ပြော ၍ ၊ ရှမွေလ ပြော သော နိုင်ငံ အမှု အရေးကို ဘထွေးအား မ ကြားမပြော ဘဲနေ၏။
TSK
TSK · သုတ္တံကျမ်း။ 12:23
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
အဘယ် အရပ်သို့သွား သည်၊ အဘယ် သို့ပြု သည် ကို မင်း တို့သည် မ သိ ကြ။ ယုဒ လူ၊ ယဇ်ပုရောဟိတ် ၊ မှူးမတ် ၊ မင်း အရာရှိ၊ လုပ်ဆောင် သော သူတစုံ တယောက်အား မျှငါသည် ကိုယ်အမှု ကိုမ ပြော သေး။
စကား များ သောအားဖြင့် အပြစ် ပါ တတ်၏။ မိမိ နှုတ် ကို ချုပ်တည်း သော သူမူကား ပညာ ရှိ၏။
သမ္မာ သတိရှိသော သူအပေါင်း တို့သည် ပညာ အတတ်နှင့် ပြုမူ တတ်ကြ၏။ မိုက် သောသူမူကား ၊ မိမိမိုက် သော အပြစ်ကို ထင်ရှား စေတတ်၏။
ပညာရှိ သောသူ ၏လျှာ သည်ပညာ အတတ်ကို တင့်တယ် စေတတ်၏။ မိုက် သောသူတို့၏ နှုတ် မူကား ၊ မိုက် သောအရာကို သွန်းလောင်း တတ်၏။
ဒေသနာကျမ်း။ 10:3
TSK
မိုက် သောသူသည်လမ်း ၌ သွား စဉ်တွင်ပင် သတိ လစ် ၍ ၊ ငါသည် လူမိုက် ဖြစ်၏ဟု ခပ်သိမ်း သောသူတို့အား ပြော တတ်၏။