TSK

TSK · သုတ္တံကျမ်း။ 13:18

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

သို့မဟုတ် သင်သည် ကိုယ် ဂုဏ် အသရေကို သူတပါး ၌ ၎င်း၊ ကိုယ် အသက် ကို ကြမ်းတမ်း သောသူတို့ ၌ ၎င်း အပ် လိမ့်မည်။

¶ နည်း ဥပဒေကို ခံ ချင်သောသူသည် ပညာ အတတ်ကို နှစ်သက် ၏။ ဆုံးမ ခြင်းကိုမုန်း သော သူမူကား ၊ တိရစ္ဆာန် သဘောရှိ၏။

မိုက် သောသူသည် အဘ သွန်သင် ခြင်းကို မထီမဲ့မြင် ပြုတတ်၏။ ဆုံးမ သော စကားကို နားထောင် သော သူမူကား ၊ သမ္မာ သတိနှင့်ပြည့်စုံတတ်၏။

များ သောသူတို့သည် မင်း ကိုဖျောင်းဖျ တတ်ကြ ၏။ လက်ဆောင် ပေးသော သူ ကိုလည်း၊ လူတိုင်း မိတ်ဆွေ ဖွဲ့တတ်၏။

အကျွန်ုပ် တို့သည် ရှက် ကြောက်လျက် အိပ် ရကြ ၏။ အသရေ ပျက်ခြင်း၌ နစ်မွန်း ကြ၏။ အကြောင်း မူကား၊ အကျွန်ုပ် တို့သည် ငယ် သော အရွယ်မှစ၍ ယခု တိုင်အောင် ဘိုးဘေး နှင့်တကွ အကျွန်ုပ် တို့၏ ဘုရား သခင် ထာဝရဘုရား ၏ စကား တော်ကို နား မ ထောင်။ အကျွန်ုပ် တို့၏ ဘုရား သခင်ထာဝရဘုရား ကို ပြစ်မှား ပါ ပြီဟု ဆိုကြ၏။

သင်တို့သည် မိန့် တော်မူသော သူ ၏စကားတော်ကို မ ငြင်း မပယ်မည်အကြောင်း သတိပြု ကြလော့။ မြေကြီး ပေါ်မှာ ဗျာဒိတ် တော်ကို ဆင့်ဆိုသောသူ ၏စကားကို ငြင်းပယ် သောသူတို့သည် အပြစ်မ လွတ် ရသည်မှန်လျှင် ၊ ထိုမျှမက ၊ ကောင်းကင် ဘုံက မိန့်တော်မူသော သူ ၏စကားကို ငါ တို့သည် နားမထောင်ဘဲ နေလျှင်၊ သာ၍ကြီးစွာသောအပြစ်နှင့် အဘယ်သို့ကင်းလွတ်နိုင်မည်နည်း