¶ ရှောလမုန် ကလည်း ၊ ကိုယ်တော် ၏ ကျွန် အကျွန်ုပ် ၏အဘ ဒါဝိဒ် သည် ရှေ့ တော်၌ သဘော ဖြောင့် ၍ သမ္မာ တရား၊ ဖြောင့်မတ် ခြင်းတရားအတိုင်း ကျင့် သည်နှင့်အညီ၊ သူ၌များစွာ သော ကျေးဇူး ကို ပြု တော်မူပြီ။ ယနေ့ တွင်ရှိသည်အတိုင်း ၊ သူ ၏ရာဇ ပလ္လင်ပေါ် မှာ ထိုင် ရသောသား ကိုသူ့ အား ပေး သနားတော်မူသဖြင့် ၊ သူ့ အဘို့ ကျေးဇူး တရားကို စောင့်ရှောက် တော်မူပြီ။
TSK
TSK · သုတ္တံကျမ်း။ 15:14
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ကိုယ်တော် ၏ ဥပဒေသ များကို စောင့် သောကြောင့် ၊ အသက်ကြီး သူတို့ထက် သာ၍ဉာဏ် ကောင်း ပါ၏။
ပညာ ရှိသော သူကို ဆုံးမ လျှင် ၊ သူသည် သာ၍ပညာ ရှိလိမ့်မည်။ ဖြောင့်မတ် သောသူကို သွန်သင် လျှင် ၊ သူသည် သိပ္ပံ အတတ်တိုးပွါး လိမ့်မည်။
သမ္မာ သတိရှိသောသူ၏ စိတ် နှလုံးသည် ပညာ အတတ်ကို သိုထား တတ်၏။ ပညာ ရှိသောသူ ၏နား သည် လည်း ၊ ပညာ စကားကို ရှာ တတ်၏။
သူသည် မီးဖိုပြာ ကို ကျက်စား တတ်၏။ မိုက် သောစိတ် နှင့်လမ်းလွဲ ပြီ။ ထို့ကြောင့်၊ ကိုယ် ဝိညာဉ် ကို ကိုယ်မ ချွတ် နိုင်။ မိမိ လက်ျာ လက်၌ မိစ္ဆာဒိဌိ ပါသလောဟု မ အောက်မေ့ နိုင်ပါတကား။
ဗေရိမြို့သားတို့သည် သက်သာလောနိတ် မြို့သားတို့ထက် ထူးမြတ်သဖြင့် ၊ အလွန်ကြည်ညိုသော စေတနာ စိတ်နှင့် နှုတ်ကပတ် တရားတော်ကိုခံယူ ၍ မှန် သည်မမှန်သည်ကိုသိခြင်းငှာ၊ ကျမ်းစာ ကိုနေ့တိုင်း အစဉ်စေ့စေ့ကြည့်ရှု့ ကြ၏။