TSK

TSK · သုတ္တံကျမ်း။ 15:30

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

အို ထာဝရဘုရား ၊ နှိုးဆော် တော်မူ ခြင်းအသံကို နားလည် သော လူမျိုး သည် မင်္ဂလာ ရှိပါ၏။

ဝမ်းနည်း ခြင်းအကြောင်းသည် ညှိုးငယ် စေ တတ်၏။ ကောင်း သောစကား မူကား ၊ ရွှင်လန်း စေတတ် ၏။

စိတ် ရွှင်လန်း ခြင်းသည် ကျန်းမာ စေတတ်၏။ စိတ် ပျက် ခြင်းမူကား ၊ အရိုး တို့ကိုသွေ့ခြောက် စေတတ်၏။

အကယ် စင်စစ်အလင်း သည်ချို ၏။ နေ ရောင်ခြည် ကိုမြင် ၍ ပျော် ပါးစရာရှိ၏။

ကောင်းကင် တမန်ကလည်း ၊ ကြောက်ရွံ့ ခြင်းမ ရှိကြနှင့်။ လူ အပေါင်း တို့သည် အလွန် ဝမ်းမြောက် ဝမ်းသာစရာသတင်း ကို ငါသည်သင် တို့အား ကြားပြောရ၏။

ထိုမြို့၌ညဉ့် မ ရှိ ရ၊ ဆီမီး ကိုအလို မ ရှိ ။ နေ ၏ အရောင် ကိုလည်း အလိုမရှိ။ အကြောင်းမူကား ၊ ထာဝရ အရှင်ဘုရားသခင် သည် သူ တို့၌ ရောင်ခြည် တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာ အဆက်ဆက်စိုးစံ ရ ကြလတံ့။