TSK

TSK · သုတ္တံကျမ်း။ 17:3

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

သင် ၏ ဘုရားသခင် ထာဝရဘုရား သည် သင့် ကို နှိမ့်ချ စုံစမ်း ၍ ၊ ပညတ် တော်တို့ကို ကျင့် ချင်သောစိတ် ရှိသည် မ ရှိသည်ကို သိ မည်အကြောင်း ၊ လွန်ခဲ့ပြီး သော အနှစ် လေးဆယ် ပတ်လုံးတော ၌ ပို့ဆောင် တော်မူသော လမ်း ခရီးတရှောက်လုံး ကို အောက်မေ့ ရမည်။

အကျွန်ုပ် တို့၏ ဘုရားသခင် ၊ ကိုယ်တော် သည် စိတ် နှလုံးကို စစ် ၍ ဖြောင့်မတ် ခြင်းသဘောကို နှစ်သက် တော်မူသည်ကို အကျွန်ုပ်သိ ပါ၏။ အကျွန်ုပ် မူကား ဖြောင့်မတ် ခြင်းသဘော၊ ကြည်ညို သောစိတ်ရှိသည်နှင့် ဤ ဘဏ္ဍာရှိသမျှ ကို ပူဇော်ပါ၏။ စည်းဝေးလျက်ရှိသောကိုယ်တော် ၏ လူ တို့သည် ကြည်ညို သောစိတ် နှင့် ပူဇော်ကြသည်ကို မြင် ၍ဝမ်းမြောက် ပါ၏။

¶ ငွေလိုက်သောငွေ ကြောင်းသည် စင်စစ် ရှိ ၏။ လူစစ် တတ်သော ရွှေ နေရာ လည်း ရှိ၏။

အိုဘုရား သခင်၊ ကိုယ်တော်သည် အကျွန်ုပ် တို့ကို စုံစမ်း တော်မူပြီ။ ငွေ ကို စစ်ဆေး သကဲ့သို့ အကျွန်ုပ် တို့ကို စစ်ဆေး တော်မူပြီ။

လူ တို့သည်မိမိ တို့ ကျင့် သမျှ သောအကျင့် တို့ကို နှစ်သက် တတ်၏။ ထာဝရဘုရား မူကား ၊ စိတ် နှလုံးတို့ကို ချိန် တော်မူ၏။

ငါသည် သင့် ကို စစ် ခဲ့ပြီ။ သို့ သော်လည်း၊ ငွေ ကို စစ်သကဲ့သို့ မ ဟုတ်၊ ဒုက္ခ မိုက် ၌ သင့် ကို စုံစမ်း ခဲ့ပြီ။

ထိုတစုကို မီး အလယ်သို့ ငါရှောက်သွား စေမည်။ ငွေ ကိုချွတ် သကဲ့သို့ ချွတ် မည်။ ရွှေ ကို စုံစမ်း သကဲ့သို့ စုံစမ်း မည်။ သူတို့သည် ငါ့ နာမ ကို ပဌနာပြု ၍ ငါနားထောင် မည်။ သူ တို့ကို ငါ ၏လူမျိုး ဟူ၍ငါခေါ်ဝေါ် မည်။ သူ တို့ကလည်း ၊ ထာဝရဘုရား သည် ငါ တို့၏ဘုရား သခင်ဖြစ်တော်မူ၏ဟု ဝန်ခံ ကြလိမ့်မည်။

သင်တို့သည် ယခု ခဏ ခံရ၍ ဝမ်းနည်း သော်လည်း၊ အထက်ဆိုခဲ့ပြီးသော ကျေးဇူးတော်ကိုထောက်၍ ရွှင်လန်း သောစိတ်ရှိကြ၏။