ကိုယ်တော် ကို ကြောက်ရွံ့ သောသူ၊ ပေးတော်မူသော ဩဝါဒ ကို နားထောင် သောသူရှိသမျှ တို့နှင့် အကျွန်ုပ် ပေါင်းဘော် တတ်ပါ၏။
TSK
TSK · သုတ္တံကျမ်း။ 2:20
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ဆာလံကျမ်း 119:63
TSK
ပညာ လမ်း ကို ငါပြသ ၍၊ မှန် သောလမ်း ခရီးတို့၌ သင့် ကိုငါပို့ဆောင် ၏။
ပညာရှိ တို့နှင့် ပေါင်းဘော် သောသူသည် ပညာ ရှိတတ်၏။ လူမိုက် တို့နှင့် ပေါင်းဘော် သောသူမူကား ၊ ပျက်စီး တတ်၏။
ထာဝရဘုရား မိန့် တော်မူသည်ကား ၊ လမ်း နား မှာ ရပ် ၍ ကြည့်ရှု ကြလော့။ ရှေး လမ်း ဟောင်းတို့ကို ရှာဖွေလျက်၊ ကောင်း သောလမ်း သည် အဘယ် မှာရှိသနည်းဟု မေးမြန်း ၍၊ ထို လမ်း သို့ လိုက် ကြလော့။ သို့ပြုလျှင် ၊ စိတ် နှလုံး သက်သာ ကြလိမ့်မည်။ သို့ရာတွင် ၊ ငါတို့သည် မ လိုက် ဟု ပြန်ပြော ကြ၏။
အချင်းချစ်သူ ၊ မကောင်း သောနည်းကို မ လိုက် နှင့်၊ ကောင်း သောနည်းကိုသာ လိုက်လော့။ ကောင်းသောအကျင့်ကို ကျင့် သောသူ သည် ဘုရားသခင် နှင့်စပ်ဆိုင် ၏ ။ မကောင်းသောအကျင့်ကို ကျင့် သောသူ မူကား၊ ဘုရားသခင် ကို မ သိ မမြင်ရပြီ။