TSK

TSK · သုတ္တံကျမ်း။ 2:8

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

သင့်ကို ပြုစုစေခြင်းငှါဘုန်းအာနုဘော်နှင့် ပြည့်စုံလျက်၊ မိုဃ်းကောင်းကင် ကို စီး တော်မူသောယေရှုရုန် အမျိုး၏ ဘုရားသခင် နှင့် တူသောသူ မရှိ။

အကြောင်း မူကား၊ ဖြောင့်မတ် သောသူတို့၏ လမ်း ကို ထာဝရဘုရား သိကျွမ်း တော်မူ၏။ မတရား သောသူတို့ ၏ လမ်း သည်ဆုံးရှုံး ခြင်းသို့ ရောက်ရလိမ့်သတည်း။

ကောင်းသောသူ၏ခြေရာ တို့ကို ထာဝရဘုရား သည် ပဲ့ပြင် ၍ ၊ သူ သွားရာလမ်း ကို နှစ်သက် တော်မူ၏။

ထာဝရဘုရား ၏ တရား တော်သည် သူ ၏ စိတ် နှလုံးထဲ မှာ တည်သည်ဖြစ်၍၊ သူ သွား သောအခါ မ ချော် မလဲရ။

ထာဝရဘုရား သည် သင့် ကို စောင့် တော်မူ၏။ ထာဝရဘုရား သည် သင် ၏လက်ျာ ဘက်၌ ရှိသောသင် ခိုလှုံရာ အရိပ် ဖြစ်တော်မူ၏။

ငါ့ သား ၊ ပညာ ရတနာနှင့် သမ္မာ သတိကို သင့် မျက်မှောက် မှ မ ကွာ စေဘဲ၊ အစဉ်စောင့်ရှောက် လော့။

ထို လမ်း၌ ခြင်္သေ့ မ ရှိ ရ။ သားရဲ တကောင်မျှ မ တက် မလာရ။ ရှာ ၍ မ တွေ့ရ။ ရွေးနှုတ် သောသူတို့သာ လျှင် ခရီးသွား ကြလိမ့်မည်။

သူ တို့ကို မ စွန့်ပစ် ဘဲ အစဉ်ကျေးဇူး ပြုခြင်းငှါ ၊ သူ တို့၌ ထာဝရ ပဋိညာဉ် ကို ငါထား မည်။ သူတို့သည်လည်း ငါ့ ထံ မှ မ ထွက်မသွား မည်အကြောင်း၊ ငါ့ ကိုကြောက်ရွံ့ သော သဘော နှင့် ပြည့်စုံ စေမည်။

ယုံကြည် ခြင်းအားဖြင့် ဘုရားသခင် ၏ တန်ခိုး တော်သည် စောင့်ရှောက် တော်မူသော သင် တို့အဘို့ ကောင်းကင် ဘုံ၌ သိုထား လျက်ရှိသောအမွေတည်း။