ထာဝရဘုရား သည် တရား စီရင်ဆုံးဖြတ်တော်မူခြင်း အားဖြင့် ထင်ရှား တော်မူ၏။ မတရား သောသူသည် မိမိ လုပ် သော အလုပ် ထဲမှာ ကျော့မိ ခြင်းကိုခံရ၏။
TSK
TSK · သုတ္တံကျမ်း။ 21:7
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
တရား သောသူ၏ခေါင်း ပေါ် မှာ မင်္ဂလာ သက်ရောက် တတ်၏။ မ တရားသောသူ၏နှုတ် ကိုကား ညှဉ်းဆဲ ခြင်း အပြစ်သည် ပိတ် လိမ့်မည်။
ဆင်းရဲသောသူ၏ဆင်းရဲကိုထောက်၍၊ သူ၏ ဥစ္စာ ကို မ လုမယူနှင့်။ ဒုက္ခိတ သတ္တဝါကို မြို့ တံခါးဝ၌ မ ညှဉ်းဆဲ နှင့်။
သင် ၏မင်း တို့သည် ပုန်ကန် ကြပြီ။ သူခိုး လက်ခံ ဖြစ်ကြပြီ။ ထိုမင်းအပေါင်း တို့သည် လက်ဆောင် ကို အလို ရှိကြ၏။ တံစိုး ကိုစား ကြ၏။ မိဘ မရှိသောသူတို့ အဘို့ တရားမ စီရင် ကြ။ မုတ်ဆိုးမ အမှု ကို နား မ ထောင်ကြ။
သင် တို့ညီအစ်ကို ဧဖရိမ် အမျိုးသား ရှိသမျှ တို့ကို ငါနှင်ထုတ် သကဲ့သို့ ၊ သင် တို့ကို ငါ့ ထံ မှ ငါနှင်ထုတ် မည်။
သို့ဖြစ်၍ ၊ သင်ဆည်းဖူး သောဥစ္စာ ၊ သင့် အလယ် ၌ သွန်းသော အသွေး ကြောင့် ငါလက်ခုပ်တီး ၏။
ကောင်းကင်တမန်ကလည်း၊ ထို စာစောင်သည် တပြည်လုံး ကို နှံ့ပြား သော ကျိန် ခြင်းဖြစ်၏။ ခိုး တတ်သောသူ ရှိသမျှ တို့သည်၊ ထို စာစောင်တဘက် ၌ ပါသည်အတိုင်း ပယ်ဖြတ် ခြင်းကိုခံရကြမည်။ အကျိန် ရဲသောသူ ရှိသမျှ တို့ သည်၊ ထို စာစောင်တဘက် ၌ ပါသည်အတိုင်း ပယ်ဖြတ် ခြင်းကိုခံရကြမည်။