TSK

TSK · သုတ္တံကျမ်း။ 22:11

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

ယောသပ် အား လည်း ၊ ဘုရားသခင် သည် ဤအမှု အလုံးစုံ တို့ကို သင့် အား ပြု တော်မူသည်ဖြစ်၍သင် ကဲ့သို့ ဉာဏ် ပညာနှင့် ပြည့်စုံ သောသူ မရှိ။

ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား ပေး တော်မူသော မောရှေ ၏ပညတ္တိ ကျမ်းစာကို လေ့ကျက် သောဆရာ ဖြစ်သော သူဧဇရ သည် ဗာဗုလုန် မြို့ မှ ထွက်သွား ၏။ ထိုသူ တောင်း သမျှ ကို သူ ၏ဘုရား သခင်ထာဝရဘုရား တန်ခိုးတော်ကြောင့် ရှင်ဘုရင် ပေး သနား တော်မူ၏။

ယုဒ အမျိုးသားမော်ဒကဲ သည် ရှင်ဘုရင် အာရွှေရု အောက်၌ အမြတ်ဆုံးသော အရာကိုရ၍ ယုဒ လူတို့တွင် ဘုန်း ကြီး၏။ မိမိ အမျိုး ၏ အကျိုး စီးပွားကို ပြုစု လျက်၊ အမျိုးသား ချင်းအပေါင်း တို့အား မင်္ဂလာ စကားကိုသာ ပြော လျက်၊ မိမိ အမျိုးသား ချင်းအပေါင်း တို့တွင် မျက်နှာ ရသောသူဖြစ် သတည်း။

သစ္စာရှိ သော ပြည်သားတို့ သည် ငါ့ ထံ မှာနေ မည်အကြောင်း သူတို့ကို ငါ ကြည့်ရှု မည်။ စုံလင် သောတရား ၌ ကျင်လည် သောသူသည် ငါ ၏ အမှု ကို ဆောင်ရွက်ရမည်။

ဖြောင့်မတ် သော နှုတ်ခမ်း တို့သည် ရှင်ဘုရင် နှစ်သက် ရာဖြစ်၏။ မှန်ကန် စွာပြော သောသူကို ရှင်ဘုရင်ချစ် တတ်၏။

စိတ် နှလုံးဖြူစင် သောသူ တို့သည် မင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ ထိုသူ တို့သည် ဘုရားသခင် ကို မြင် ရကြလတံ့။