TSK

TSK · သုတ္တံကျမ်း။ 25:12

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

ကျွန်မ ၏ သခင် ကိုယ်တော်သည် အကြောင်း မရှိဘဲ လူအသက် ကိုသတ် မိသောကြောင့်၎င်း၊ ကိုယ်အမှုကို စောင့်၍၊ အပြစ်ဒဏ်ပေးမိသောကြောင့်၎င်း၊ ကျွန်မ ၏ သခင် ကိုယ်တော်သည် စိတ် ညှိုးငယ် ခြင်း၊ ကိုယ်တိုင်ကိုယ်အပြစ်တင်ခြင်းနှင့် ကင်းလွတ်တော်မူပါစေသော။ ထာဝရဘုရား သည် ကျွန်မ ၏ သခင် ၌ ကျေးဇူး ပြုတော်မူပြီးမှ ၊ ကိုယ်တော် ၏ ကျွန် မကို အောက်မေ့ တော်မူပါဟု လျှောက် လေ၏။

ဖြောင့်မတ် သောသူသည် အကျွန်ုပ် ကို ဒဏ်ခတ် ပါစေသော၊ ကျေးဇူး ရှိပါလိမ့်မည်။ ဆုံးမ ပါစေသော၊ အကျွန်ုပ် ဦးခေါင်း ကိုလိမ်းသောဆီ ဖြစ်ပါလိမ့်မည်။ ထပ်၍ ပြုသော်လည်း အကျွန်ုပ် မ ငြင်း ပါ။ ယခု မူကား၊ သူတပါး ပြုသောအဓမ္မ အမှုတဘက် ၌ ဆုတောင်း ရပါ၏။

မထီမဲ့မြင် ပြုသောသူကိုမ ဆုံးမ နှင့်။ သင့် ကို မုန်း လိမ့်မည်။ ပညာ ရှိကို အပြစ် ပြလော့။ သူသည် သင့် ကို ချစ် လိမ့်မည်။

အသက် နှင့်ယှဉ်သောဆုံးမ ခြင်းစကားကို နားထောင် သောသူသည် ပညာရှိ တို့နှင့် ပေါင်းဘော် ရသောအခွင့်ရှိ၏။

ထင်ရှား စွာဆုံးမ ပြစ်တင်ခြင်းသည် တိတ်ဆိတ် စွာ ချစ် ခြင်းထက် သာ၍ကောင်း ၏။