ဆာလံကျမ်း 52:2
TSK
သင် ၏လျှာ သည် ထက် သောသင်တုန်း ကဲ့သို့ လှည့်စား သဖြင့်၊ သူ့အကျိုး ကို ဖျက်ခြင်းအမှု ကို ပြုစု တတ်၏။
TSK
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
သင် ၏လျှာ သည် ထက် သောသင်တုန်း ကဲ့သို့ လှည့်စား သဖြင့်၊ သူ့အကျိုး ကို ဖျက်ခြင်းအမှု ကို ပြုစု တတ်၏။
ငါ့ ဝိညာဉ် သည် ခြင်္သေ့ စုထဲ မှာ နေရ၏။ ဒေါသ မီးလောင်လျက်ရှိသောလူ သား တို့တွင် ငါအိပ် ရ၏။ သူ တို့ သွား တို့သည် လှံ နှင့် မြှား ဖြစ်ကြ၏။ သူ တို့လျှာ သည်လည်း ထက် သောသန်လျှက် ဖြစ်၏။
သူတို့သည်မြွေ ကဲ့သို့ မိမိ တို့လျှာ ကို သွေး တတ် ကြပါ၏။ သူ တို့နှုတ်ခမ်း အထဲ မှာ မြွေဆိုး အဆိပ် အတောက်ရှိပါ၏။
သင် ၏အိမ်နီးချင်း တဘက် ၌ အကြောင်း မရှိဘဲ သက်သေ မ ခံ နှင့်။ ကိုယ် နှုတ် နှင့် သူတပါးကို မလှည့်စား နှင့်။
သူ တို့လျှာ သည် သေ စေတတ်သောမြှား ဖြစ်၏။ ပရိယာယ် စကားကို ပြော တတ်၏။ အပေါင်း အဘော်ချင်း တို့သည် နှုတ် ဖြင့် လောက ဝတ်စကားကိုပြော ၍၊ နှလုံး ဖြင့် ချောင်းမြောင်း တတ်ကြ၏။