သရွတ် နှင့် အုတ် လုပ် သောအမှု၊ လယ် လုပ်သောအမှုအမျိုးမျိုး ၌ ခဲယဉ်းစွာစေခိုင်း ၍ အလွန်ဆင်းရဲ ပင်ပန်းစေကြ၏။ စေခိုင်းလေရာရာ၌ လည်း ခဲယဉ်း စွာ စေခိုင်းကြ၏။
TSK
TSK · သုတ္တံကျမ်း။ 28:15
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ထာဝရဘုရား ၏ ယဇ် ပုရောဟိတ်တို့သည် ဒါဝိဒ် ဘက် မှာ နေ၍ ၊ သူ ပြေး ကြောင်း ကို သိ သော်လည်း ငါ့ အားမ ကြား မပြောသောကြောင့် ၊ သူတို့ကို လှည့် ၍ သတ် ကြဟု ခြံရံလျက်ရှိသောခြေသည် တို့အား အမိန့် တော်ရှိသော်လည်း ၊ ရှင်ဘုရင် ၏ ကျွန် တို့သည် ထာဝရဘုရား ၏ ယဇ် ပုရောဟိတ်တို့ကို မ လုပ်ကြံ ဘဲ နေကြ၏။
ထိုအခါ မေနဟင် သည် တိဖသ မြို့နှင့် မြို့သား များ၊ တိရဇ မြို့ အလွန်တိဖသမြို့ နယ်များတို့ကို လုပ်ကြံ ၏။ မြို့တံခါးကို သူ့အား မ ဖွင့် သောကြောင့် လုပ်ကြံ ၍ ကိုယ်ဝန် ဆောင်သော မိန်းမအပေါင်း တို့၏ ဝမ်းကို ခွဲ လေ၏
သူတို့သည် မော်ဒကဲ အမျိုး ကို ဘော်ပြ သောကြောင့် ၊ မော်ဒကဲ တယောက် တည်းကို ကွပ်မျက် လျှင် ၊ စိတ်မပြေလောက်ဟု ဟာမန်သည် အောက်မေ့လျက်၊ မော်ဒကဲ အမျိုးသား ချင်းတည်းဟူသောအာရွှေရု နိုင်ငံ အရပ်ရပ် ၌ ရှိသော ယုဒ လူအပေါင်း တို့ကို ဖျက်ဆီး ခြင်းငှါ ရှာကြံ လေ၏။
ရှင်ဘုရင် ၏အမျက် တော်သည် ခြင်္သေ့ ဟောက် သကဲ့သို့ ဖြစ်၏။ ကျေးဇူး တော်မူကား ၊ မြက် ပေါ် မှာ ကျသော နှင်းရည် ကဲ့သို့ ဖြစ်၏။
လူ သတ္တဝါတို့ကို အမျက် ထွက်၍ ၊ အစဉ်မပြတ်ရိုက် ခြင်း၊ အတိုင်းတိုင်း အပြည်ပြည်တို့ကို မာန စိတ်နှင့် အုပ်စိုး၍၊ အစဉ် မပြတ်ညှဉ်းဆဲ ခြင်းကို ပြုသောအဓမ္မ လူတို့၏တောင်ဝေး ကို၎င်း၊
ဧဖရိမ် သည် ညှဉ်းဆဲ ခြင်းကို ခံရ၏။ တရား စီရင် ခြင်းနှင့်တွေ့၍ ဆုံးရှုံးရ၏။ အကြောင်း မူကား၊ အမိန့် တော်အတိုင်း ကျင့် လေပြီ။
မြို့ အလယ် ၌ မင်း များတို့သည် ဟောက် သော ခြင်္သေ့ ဖြစ်ကြ၏။ တရားသူကြီး တို့သည် နံနက် တိုင်အောင် အဘယ်အရာကိုမျှမ ချန် မထား၊ ညဉ့် ၌ လှည့်လည်တတ် သောတောခွေး ဖြစ်ကြ၏။
သမ္မာ သတိရှိလျက် မအိပ်ဘဲစောင့် နေကြလော့။ သင် တို့၏ ရန်သူ တည်းဟူသောမာရ်နတ် သည်၊ ဟောက် သောခြင်္သေ့ ကဲ့သို့ အဘယ်သူ ကို မျိုရ မည်နည်းဟူ၍လှည့်လည် ရှာဖွေ လျက်ရှိ၏။