ခိုင်ခံ့ စွာသွားသောအခါ ကျဉ်းမြောင်း ရာသို့ ရောက်လိမ့်မည်။ မိမိ အကြံ အစည်အားဖြင့်ရှုံး ရလိမ့်မည်။
TSK
TSK · သုတ္တံကျမ်း။ 29:6
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
မတရား သောသူတို့အပေါ် မှာ တောက်သော မီးခဲ၊ ကန့် နှင့် ရောသောမီးလျှံ ၊ ပူလောင် သော မုန်တိုင်း ကို သက်ရောက် စေ၍ ၊ သူ တို့သောက် စရာဘို့ စီရင်တော်မူ မည်။
ဖြောင့်မတ် သောသူတို့ ၏ နေရာ ၌ ဝမ်းမြောက် ခြင်းအသံနှင့် ကယ်တင် ခြင်းအသံ ရှိ၏။ ထာဝရဘုရား ၏ လက်ျာ လက်တော်သည် ကြီး သောအမှုကိုပြု ၏။
အဓမ္မ လူသည် မိမိ ပြုသော ဒုစရိုက်အပြစ် ဖြင့် ဘမ်းမိ ခြင်း၊ မိမိ အပြစ် ကြိုး တို့ဖြင့် ချည်နှောင် ခြင်းကို ခံရလိမ့်မည်။
ဖြောင့်မတ် ခြင်း ပါရမီသည်စုံလင် သောသူတို့ကို ပဲ့ပြင် တတ်၏။ မ တရားသောသူမူကား ၊ မိမိ မ တရားသော အမှုအားဖြင့် ဆုံးရှုံး တတ်၏။
လူ သည် မိမိ ကာလ အချိန်ကိုမ သိ တတ်။ ဘေး ပြု ရာ ပိုက်ကွန် အုပ်မိ သော ငါး ကဲ့သို့ ၎င်း၊ ကျော့ကွင်း ၌ ကျော့မိ သော ငှက် ကဲ့သို့ ၎င်း၊ လူ သား တို့သည် ဘေး ပြုရာ ကာလ ထဲသို့ အမှတ်တမဲ့ ရောက် ၍ ကျော့မိ တတ်ကြ၏။
ထို ကျေးဇူး တော်ကို ခံစား ရသည်အကြောင်း မှာ ယုံကြည် ခြင်းရှိ၍၊ ထိုသခင် အားဖြင့် သာခံစားသော အခွင့် ကို ရ ကြ၏။ သို့ဖြစ်၍ ဘုရားသခင် ၏ဘုန်း တော်ကို မြော်လင့် ၍ ဝါကြွား ဝမ်းမြောက်ခြင်းရှိကြ၏။
ငါ့ ညီအစ်ကို တို့၊ သင် တို့၏ယုံကြည် ခြင်းကို စစ်ကြော စုံစမ်းခြင်းအရာ သည် သည်းခံ ခြင်းကို ပွားစေ တတ် သည်ဟုသိမှတ် လျက်၊ အထူးထူး အပြားပြားစုံစမ်း နှောင့်ရှက်ခြင်းနှင့် တွေ့ကြုံ သောအခါ ၊
သင်တို့၏ ဝမ်းမြောက် စရာအကြောင်း စုံလင် စေခြင်းငှာ လည်း ၊ ဤအရာ များကို ငါ တို့သည် ရေး လိုက်ကြ၏။