သင်တို့ပြည် ၌ စစ်မှုကို ငါငြိမ်း စေ၍ ၊ ခြိမ်းချောက် သောသူ မ ရှိဘဲ သင်တို့သည် အိပ် ရကြလိမ့်မည်။ ဆိုး သော သားရဲ တို့ကိုလည်း ငါပယ်ရှား မည်။ တပြည်လုံး သည် ထား ဘေးနှင့် ကင်းလွတ် လိမ့်မည်။
TSK
TSK · သုတ္တံကျမ်း။ 3:24
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
အိပ် သောအခါ အဘယ် သူမျှမချောက် မလှန့်ရ။ လူများ တို့သည် သင့် ကိုတောင်းပန် ကြလိမ့်မည်။
ငါ့ ကိုရန်ဘက်ပြု၍ ဝန်းရံ သော သူ အထောင် အသောင်းကို ငါမ ကြောက် ဘဲနေမည်။
ညဉ့် အခါဖြစ်တတ်သော ဘေး ကို ၎င်း၊ နေ့ အချိန်၌ ပစ် သောမြှား ကို ၎င်း၊
စောစော ထလျက်၊ ညဉ့်နက်သည်တိုင်အောင်မအိပ်ဘဲနေလျက်၊ ပင်ပန်း စွာ အစာ စား လျက်နေ သော်လည်း အကျိုး မရှိ။ အိပ်ပျော် ရသောအခွင့်ကို ချစ် တော်မူသောသူအား အမှန်ပေး တော်မူ၏။
ထာဝရဘုရား ကို ကြောက်ရွံ့ သောသဘောသည် အသက်ရှင် ခြင်းနှင့်ဆိုင်သည်ဖြစ်၍ ထိုသဘောရှိသောသူသည် အလို ဆန္ဒပြည့်စုံလျက်ရှိ၍၊ ဘေးဥပဒ် နှင့်ကင်းလွတ် လိမ့်မည်။
ထိုနောက်၊ ငါသည် နိုး ၍ ကြည့်ရှု သောအခါ ၊ အိပ်ပျော် ခြင်းအားဖြင့်အားရ လျက်ရှိ၏။
သူ တို့နှင့် ငြိမ်သက် ခြင်း ပဋိညာဉ် ကို ငါဖွဲ့ ၍ ၊ ဆိုး သောသားရဲ တို့ကို ထိုပြည် ၌ ပယ်ဖြတ် မည်။ သူတို့သည် လွင်ပြင် ၌ ငြိမ်ဝပ် စွာနေ ၍ တော ၌ အိပ်ပျော် ကြလိမ့်မည်။
ပေတရု သည် ဟေရုဒ် မင်းထုတ် ခါနီး ၊ ညဉ့်အချိန် တွင် သံကြိုး နှစ် စင်းနှင့် ချည်နှောင် ခြင်းကိုခံရလျက်၊ စစ်သူရဲ နှစ် ယောက်တို့အလယ် ၌ အိပ်ပျော် ၍၊ အစောင့် များ တို့သည် ထောင် တံခါး ရှေ့ မှာ စောင့် နေကြ၏။