TSK

TSK · သုတ္တံကျမ်း။ 3:7

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

¶ ယောဘ အမည် ရှိသောသူတယောက်သည် ဥဇ ပြည် ၌ နေ ၏။ ထို သူ သည်စုံလင် ဖြောင့်မတ် ခြင်းရှိ ၏။ ဘုရား သခင်ကို ကြောက်ရွံ သောသူ၊ မ ကောင်းသောအကျင့်ကို ရှောင် သောသူဖြစ်၏။

အချင်းသူငယ် တို့လာ ကြလော့။ ငါ့ စကားကို နားထောင် ကြလော့။ ထာဝရဘုရား ကို ကြောက်ရွံ့ ခြင်း တရားကို သင် တို့အား ငါသွန် သင်မည်။

ထာဝရဘုရား ကို ကြောက်ရွံ့ သောသဘောသည် အသေခံ ရာ ကျော့ကွင်း တို့မှ လွှဲရှောင် ရာအသက် စမ်းရေ တွင်း ဖြစ်၏။

ငါသည် ပညာ ရှိ၏ဟု ထင် သောသူ ရှိလျှင်၊ ထိုသူ ၌ မြော်လင့်စရာအခွင့်ရှိသည်ထက်၊ မိုက် သောသူ၌ သာ၍ မြော်လင့် စရာအခွင့်ရှိ၏။

အချုပ်အခြာ စကား ဟူမူကား၊ ဘုရား သခင်ကို ကြောက်ရွံ့ ၍ ၊ ပညတ် တော်တို့ကို စောင့်ရှောက် လော့။ ဤ ရွေ့ကား၊ လူ နှင့်ဆိုင်သော အမှုအရာအလုံးအစုံ တို့ကို ချုပ်ခြာသတည်း။

ညီအစ်ကို တို့၊ သင်တို့သည် ဝါကြွား သောစိတ်မ ရှိ စေမည်အကြောင်း ၊ တစ်ပါး အမျိုးသားအပေါင်းတို့သည် မ ဝင် မှီတိုင်အောင်၊ ဣသရေလ လူအချို့တို့ကို မှောင်မိုက် ဖုံးလွှမ်း ခြင်းအကြောင်း တည်းဟူသောနက်နဲ သောအရာ ကို မ သိဘဲနေစေခြင်းငှာငါအလို မ ရှိ။