TSK

TSK · သုတ္တံကျမ်း။ 4:24

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

သင် ပြုသောဒုစရိုက် ကိုပယ် ၍ သင့် အိမ် ၌ ဆိုးညစ် သောအမှုကို လက် မ ခံလျှင် ၎င်း၊

ဆိုးယုတ် သော သူ နှင့်မ တရားသောသူ သည် ကောက်လိမ် သော စကား၌ ကျင်လည် တတ်၏။

ထာဝရဘုရား ကို ကြောက်ရွံ့ သောသဘောကား၊ ဒုစရိုက် ကိုမုန်း သောသဘောတည်း။ မာန ထောင်လွှားခြင်း၊ စော်ကား ခြင်း၊ မကောင်း သော လမ်း သို့လိုက်ခြင်း၊ ကောက် သောစကား ဖြင့်ပြောဆိုခြင်းတို့ကို ငါမုန်း ၏။

သင် တို့သည် ပြု သမျှ သော လွန်ကျူး ခြင်းအမှု တို့ကို စွန့်ပစ် ၍ အသစ် သောနှလုံး ၊ အသစ် သောစိတ် သဘောကို ပြင်ဆင် ကြလော့။ အိုဣသရေလ အမျိုး ၊ သင်တို့သည် အဘယ်ကြောင့် အသေ သတ်ခြင်းကိုခံလိုသနည်း။

ယခု မူကား ၊ ထိုအမှုအလုံးစုံ တို့ကို၎င်း၊ အမျက်ထွက် ခြင်း၊ စိတ်ဆိုး ခြင်း၊ မနာလို ခြင်း၊ သူ့ အသရေ ပျက်အောင် ပြောဆိုခြင်း၊ ညစ်ညူး သော စကားကို သုံးခြင်းတို့ကို၎င်း၊ သင် တို့နှုတ် မှ ပယ်ရှင်း ကြလော့။

ထိုကြောင့် ၊ ခပ်သိမ်း သောညစ်ညူး ခြင်း၊ မနာလို သောစိတ်လွန်ကျူးခြင်းကို ပယ်ရှား ၍ ၊ သင် တို့စိတ် ဝိညာဉ်ကို ကယ်တင် နိုင် သော၊ အထဲ ၌ စိုက်ပျိုး သောနှုတ်ကပတ် တရားကို နူးညံ့ သိမ်မွေ့သော စိတ်နှင့် ခံယူ ကြ လော့။