TSK

TSK · သုတ္တံကျမ်း။ 7:3

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

ထိုစကားကိုလည်း သင် ၏ လက် ၌ လက္ခဏာ သက်သေဘို့ရာ၎င်း၊ သင် ၏ မျက်စိ ကြား မှာ သင်းကျစ် ကဲ့သို့ ၎င်း ချည် ထားရမည်။

ကရုဏာ တရားနှင့် သစ္စာ တရားကို သင် နှင့် မ ကွာ စေနှင့်။ ထို တရားတို့ကို သင် ၏လည်ပင်း ၌ ဆွဲ ထား လော့။ နှလုံး အင်း စာရင်း၌ ရေး သွင်းလော့။

သူ တို့၌ ငါ ကိုယ်တိုင်ပေးသော ပဋိညာဉ် တရား ဟူမူကား၊ သင် ၏အပေါ် မှာ ကျိန်းဝပ်သော ငါ ၏ဝိညာဉ် နှင့် သင် ၏နှုတ် ၌ ငါထား သော စကား သည်၊ ယခု မှ စ၍ ကာလအစဉ် အဆက် သင် ၏နှုတ် ၊ သင့် အမျိုး အနွယ်၏ နှုတ် နှင့် ၊ သင့် အမျိုး အနွယ်၏ အမျိုး အနွယ်၏နှုတ် ထဲက မ ထွက် မပျောက်ရဟု ထာဝရဘုရား မိန့် တော်မူ၏။

နောက် ကာလ အခါ ဣသရေလ အမျိုးသား တို့၌ ငါပေး အံ့သော ပဋိညာဉ် တရားဟူမူကား ၊ ငါထာဝရ ဘုရားသည် ငါ ၏ပညတ် တရားကို သူ တို့အတွင်း ထဲ သို့ သွင်း မည်။ သူ တို့နှလုံး ပေါ် မှာ ရေး ထားမည်။ ငါသည် သူ တို့၏ ဘုရား ဖြစ် မည်။ သူ တို့သည်လည်း ငါ ၏ လူ ဖြစ် ကြလိမ့်မည်။