TSK

TSK · ရောမဩဝါဒစာ။ 13:8

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

အမျိုးသား ချင်းဖြစ်စေ ၊ သင့် နေရာ မြို့ရွာ တို့၌ တည်းခိုသော တပါး အမျိုးသားဖြစ်စေ၊ ဆင်းရဲ ငတ်မွတ် သောသူငှား ကို မ ညှဉ်းဆဲ ရ။

သင် တို့သည် ကိုယ် ၌သူတစ်ပါး ပြု စေ လိုသမျှ အတိုင်းသူတစ်ပါး ၌ပြု ကြလော့။ ဤ ပညတ်ကား ပညတ္တိ ကျမ်း နှင့် အနာဂတ္တိ ကျမ်းတို့၏ အချုပ်အခြာပင် ဖြစ် သတည်း။

သင် တို့သည် အချင်းချင်း တစ်ယောက်ကိုတစ်ယောက် ချစ် ကြလော့။ ငါသည်သင် တို့ကို ချစ် သည်နည်းတူ အချင်းချင်း ချစ် ကြလော့ဟု ပညတ် သစ် ကို ငါပေး ၏။

ချစ် ခြင်းမေတ္တာရှိ သောသူသည် ကိုယ်နှင့် မ စပ်ဆိုင် သော သူ၏အကျိုးကို မဖျက်ဆီး တတ်။ ထိုကြောင့် ၊ ချစ် ခြင်းမေတ္တာသည် အကျင့် တရားပြည့်စုံ ရာ ဖြစ်သတည်း။

စုံလင် ခြင်းအဖွဲ့အစည်း တည်းဟူသော ချစ် ခြင်းမေတ္တာကို ထပ်၍ယူတင်ဝတ်ဆောင်ကြလော့။။

ကိုယ် နှင့်စပ်ဆိုင်သောသူကို ကိုယ် နှင့်အမျှ ချစ် လော့ဟု ကျမ်းစာ ၌ ပါသော ရွှေ ပညတ် တော်ကို သင်တို့သည် စောင့်ရှောက် လျှင် ၊ ကောင်း သောအကျင့်ကို ကျင့် ရာသို့ရောက်ကြ၏။