TSK

TSK · ရောမဩဝါဒစာ။ 6:13

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

အထက် ဆိုခဲ့ပြီးသော အမှုကို ပြု သောသူအပေါင်း တို့နှင့် မတရား သဖြင့် ပြု သောသူအပေါင်း တို့ကို၊ သင် ၏ဘုရားသခင် ထာဝရဘုရား စက်ဆုပ် ရွံရှာတော်မူ၏။

ဖြောင့်မတ် သောသူ၏နှုတ် သည် ပညာ ကို မြွက်ဆို တတ်၏။ သူ ၏လျှာ သည်လည်း တရား သော စကားကို ပြော ဆိုတတ်၏။

ဖြောင့်မတ် သောသူသည် မင်္ဂလာ ရှိ၏ဟု ထိုသူ အား ပြော လော့။ အကြောင်း မူကား၊ သူ သည် မိမိအကျင့် တို့၏အကျိုး ကို ခံစား ရလိမ့်မည်။

ဝိညာဉ် အပေါင်း တို့ကို ငါ ပိုင် ၏။ အဘ ၏ဝိညာဉ် ကို ငါပိုင်သကဲ့သို့ သား ၏ဝိညာဉ် ကိုလည်း ငါ ပိုင် ၏။ ပြစ်မှား သော ဝိညာဉ် သည် အသက်သေ ရမည်။

ငါ့ သား သည်အထက်ကသေ ၏။ ယခု ရှင်ပြန် ၏။ အထက်ကပျောက် ၏။ယခုတွေ့ပြန် ၏ဟုအစေအပါး တို့ကို ဆို ပြီးမှ ၊ ထိုသူအပေါင်းတို့သည် ပျော်မွေ့ ခြင်းကို ပြု ကြ၏။

ငါအမှန်အကန် ဆို သည်ကား၊ ငါ့ စကား ကို နားထောင် ၍ ငါ့ ကိုစေလွှတ် တော်မူသောသူ ကိုယုံကြည် သောသူ သည် ထာဝရ အသက် ကို ရ သည်ဖြစ်၍ အပြစ် စီရင်ခြင်းကိုမ ခံရ ။ သေ ခြင်းမှ အသက် ရှင်ခြင်းသို့ ကူးမြောက် သောသူဖြစ်၏။

ငြင်းဆန် သောသဘောရှိ၍ ၊ သမ္မာတရား ကို နား မထောင်ဘဲ မတရား သဖြင့် ကျင့်သောသူ တို့ကိုကား ၊ ပြင်းစွာသော ဒေါသ အမျက်ထွက် တော်မူလတံ့၊

အကြင်သူ၏အထံ၌ အစေခံ ကျွန်ဖြစ်ခြင်းငှာ သင်တို့ဝင် ၍ အစေခံ၏၊ ထိုသူသည်သေ ခြင်းနှင့် ယှဉ်သော အပြစ် တရားဖြစ်စေ၊ ဖြောင့်မတ် ရာသို့ ရောက်ခြင်းနှင့် ယှဉ်သော နားထောင် ခြင်းတရားဖြစ်စေ၊ သင်တို့၏သခင်ဖြစ်သည်ကို မ သိ ကြသလော။

ငါတို့သည် ဇာတိ ပကတိ၌ ကျင်လည် သောအခါ ၊ အပြစ် နှင့် စပ်ဆိုင်သောစိတ်တို့သည် ပညတ် တရား အားဖြင့် ပေါက်၍ သေ ခြင်းတရား၏အလို နှင့်အညီ တိုးပွား မည်အကြောင်း ၊ ငါ တို့၏ကိုယ်အင်္ဂါ များ၌ ပြုပြင် ကြ၏။

¶ ညီအစ်ကို တို့၊ အသက် ရှင်ခြင်းလက္ခဏာ၊ သန့်ရှင်း ခြင်းလက္ခဏာ၊ ဘုရားသခင် နှစ်သက် တော်မူဘွယ်သောလက္ခဏာနှင့် ပြည့်စုံသော ယဇ် ကို သင် တို့သည် ပူဇော် ၍၊ မိမိကိုယ်ခန္ဓါ ကို ဘုရားသခင်အား ဆက်ကပ်ခြင်းတည်းဟူသောသင် တို့ပြုအပ်သော ဝတ် ကို ပြုမည်အကြောင်း၊ ဘုရားသခင် ၏ ကရုဏာ တော်ကို ထောက်ထား ၍၊ သင် တို့ကို ငါ တိုက်တွန်းနှိုးဆော်ပေ၏။

သင် တို့ကိုယ်ခန္ဓာ သည် ခရစ်တော် ၏ အင်္ဂါ ဖြစ် ကြောင်း ကို မ သိ ကြသလော။ သို့ဖြစ်လျှင် ၊ ခရစ်တော် ၏ အင်္ဂါ ကိုယူ ၍ ပြည်တန်ဆာ ၏ အင်္ဂါ ဖြစ် စေအပ် သလော။ မ ဖြစ်စေ အပ်။

လူအပေါင်း တို့သည် သေ လျက်နေကြသည် ဟူ၍၎င်း ၊ အသက် ရှင်သောသူ တို့သည် တဖန်ကိုယ် အလို သို့လိုက်၍ မ ရှင်၊ သူ တို့အတွက် ကြောင့် အသေခံ ပြီးမှ ထမြောက် တော်မူသော သူ ၏အလိုသို့လိုက်၍ ရှင်စေ မည်အကြောင်း ၊ လူအပေါင်း တို့အတွက် ကြောင့် အသေခံ တော်မူသည်ဟူ၍၎င်း၊ ငါ တို့သည်သဘောထား လျက်၊ ခရစ်တော် ၏ချစ် ခြင်းမေတ္တာတော်သည် ငါတို့ကို အနိုင်အထက်သွေးဆောင်၏။

ငါ တို့စစ်တိုက် ၍သုံးစွဲ သောလက်နက် သည် ဇာတိ ပကတိလက်နက်မ ဟုတ်။ ဘုရားသခင် ၏ တန်ခိုး တော်အားဖြင့် မြို့ရိုး မြို့ပြတို့ကို ဖြိုဖျက် နိုင်သော လက်နက် ဖြစ်၏။

ထိုကြောင့် အိပ်ပျော် သူ နိုး လော့။ သေ ခြင်းမှ ထမြောက် လော့။ သို့ပြုလျှင် ခရစ်တော် သည် အလင်း ကို သင့် အား ပေးတော်မူမည်ဟု ဆို သတည်း။

ဒုစရိုက် အပြစ်၌ ၎င်း၊ ဇာတိ ပကတိ၏ အရေဖျားလှီး ခြင်းကို မခံသောအဖြစ်၌၎င်း သေ လျက်ရှိ နေသော သင် တို့ကို ခရစ်တော် နှင့်အတူ အသက် ရှင်စေ၍၊ သင် တို့ အပြစ် ရှိသမျှ တို့ကို လွှတ် တော်မူ၏။။

တရား ရှုံးခြင်းသို့ရောက်မည်အကြောင်း ၊ မုသာ စကားကို ယုံ စိမ့်သောငှာ၊ မိစ္ဆာဒိဌိ ပြုပြင်အားထုတ်ခြင်းအခွင့်ကိုသူ တို့၌ ဘုရားသခင် လွှတ် တော်မူလိမ့်မည်။

¶ သင် တို့တွင် စစ်တိုက် ခြင်း၊ ရန်တွေ့ခြင်း သည် အဘယ် အကြောင်းကြောင့်ဖြစ် သနည်း။ သင် တို့အင်္ဂါ များ၌ စစ် ပြိုင်သော ကိလေသာ ကာမစိတ် ကြောင့် ဖြစ်သည်မ ဟုတ်လော။

နောက် တဖန်သူ တို့၏ တပ်မက် ခြင်းတရားကို မကျင့်၊ ဘုရားသခင် ၏ အလို တော်အတိုင်း ကျင့်လျက်၊ ကိုယ်ခန္ဓာ အသက် အပိုင်းအခြားကျန်ရစ် သောကာလ ကို လွန် စေတတ်၏။

ကိုယ် အပြစ် တို့ကို ဖော်ပြ တောင်းပန်လျှင် ၊ ငါ တို့အပြစ် များကိုလွှတ် ၍ ဒုစရိုက် ရှိသမျှ နှင့် ကင်းစင် စေခြင်းငှာ ဘုရားသခင်သည် သစ္စာ တရားနှင့်၎င်း ၊ ဖြောင့်မတ် ခြင်းတရားနှင့် ၎င်း ပြည့်စုံတော်မူ၏။