TSK

TSK · ရာဇဝင်ချုပ်ပဌမစောင်။ 21:16

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

ထိုအခါ ဣသရေလ တပ် ရှေ့မှာ သွား သော ဘုရား သခင်၏ ကောင်းကင်တမန် သည် နောက်၌ လိုက် သဖြင့်၊ မိုဃ်းတိမ် တိုင် သည် သူ တို့ရှေ့ က ရွှေ့ ၍ နောက်၌ ရပ် နေလေ၏။

သူတို့က ပြပ်ဝပ် လျက် ၊ အိုဘုရားသခင် ၊ ခပ်သိမ်း သော သတ္တဝါ တို့၏ အသက် ဝိညာဉ်များကို အစိုးရတော်မူသောဘုရားသခင် ၊ လူ တစ် ယောက်ပြစ်မှား သောအပြစ်ကြောင့် ပရိသတ် အပေါင်း တို့ကို အမျက် ထွက်တော်မူမည်လောဟု လျှောက်ဆို လေ၏။

ထိုအခါ ထာဝရဘုရား သည် ဗာလမ် မျက်စိ ကို ဖွင့် တော်မူ၍ ၊ ထာဝရဘုရား ၏ ကောင်းကင်တမန် သည် ထား ကိုမိုးလျက်၊ လမ်း ၌ ရပ် နေသည်ကို ဗာလမ်သည် မြင် သဖြင့် ဦးချ ၍ ပြပ်ဝပ် လေ၏။

မီးလျှံ သည် ယဇ် ပလ္လင်ပေါ် က မိုဃ်းကောင်းကင် သို့ တက် စဉ် တွင်၊ ထာဝရဘုရား ၏ ကောင်းကင်တမန် သည် ယဇ် ပလ္လင်မီးလျှံ ၌ တက် လေ၏။ မာနော် လင်မယား တို့သည် ကြည့် ၍မြင်လျှင် မြေ ပေါ် မှာ ပြပ်ဝပ် လျက်နေကြ၏။

အိုထာဝရဘုရား ၊ ဤသူသည် မြင် နိုင်မည် အကြောင်း သူ ၏မျက်စိ ကို ဖွင့် တော်မူပါဟု ဆုတောင်း သည်အတိုင်း ၊ ထာဝရဘုရား သည် ထိုလုလင် ၏ မျက်စိ ကို ဖွင့် တော်မူသဖြင့် ၊ ဧလိရှဲ ပတ်လည် ၌ တတောင် လုံး သည်မီး မြင်း ၊ မီးရထား နှင့် ပြည့် သည်ကို မြင် လေ၏

ငါ မူကား ၊ သူ တို့၌ အနာ ရောဂါစွဲသောအခါ ၊ လျှော်တေ အဝတ်ကိုဝတ်ဆင် လျက် အစာ ကိုရှောင်၍ ခြိုးခြံ စွာကျင့် လေ၏။ ကိုယ် ရင်ခွင် ကို မျက်နှာ ပြုလျက် ဆုတောင်း လေ၏။

နိနေဝေ မင်းကြီး သည် ထိုသိတင်း ကို ကြား သောအခါ နန်းတော် မှ ဆင်း ၍ မင်းမြောက် တန်ဆာကို ချွတ် ပြီးမှ ၊ လျှော်တေ အဝတ်ကို ဝတ် ၍ ပြာ ထဲ ၌ ထိုင် တော်မူ၏။