ဤ သူတို့ကား၊ အဘသည် ယဇ်ပုရောဟိတ် အမှုကို ဆောင်စေခြင်းငှါ ဆီလောင်းခြင်းဘိသိက်ကိုပေး ၍ အရာ၌ခန့်ထားသော အာရုန် ၏ သား ဖြစ်ကြသတည်း။
TSK
TSK · ရာဇဝင်ချုပ်ပဌမစောင်။ 23:6
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
အလွန် သန့်ရှင်းသော အရာတို့နှင့်ဆိုင်၍ ပရိသတ်စည်းဝေး ရာတဲ တော်၌ ကောဟတ် သား များ စောင့်ရှောက်ရသောအမှု ဟူမူကား၊
¶ လေဝိ သား ကားဂေရရှုံ ၊ ကောဟတ် ၊ မေရာရိ တည်း။
¶ အာရုန် အမျိုးသား အသီးအခြား သင်းဖွဲ့ရာမှာ၊ အာရုန် သား ကား နာဒပ် ၊ အဘိဟု ၊ ဧလာဇာ ၊ ဣသမာ တည်း။
ခမည်းတော် ဒါဝိဒ် စီရင် သည်အတိုင်း ၊ ယဇ် ပုရောဟိတ်တို့သည် အလှည့်အလှည့် ယဇ်ပုရောဟိတ်အမှုကို၎င်း၊ လေဝိ သားတို့သည် နေ့ရက် အစဉ်ဝတ်ပြုသင့်သည်အတိုင်း၊ ယဇ်ပုရောဟိတ်တို့နှင့် ဝိုင်း၍ ထောမနာ သီချင်းဆိုသဖြင့်၊ မိမိတို့အမှုကို၎င်း၊ တံခါးစောင့် တို့သည် အလှည့်အလှည့် တံခါးရှိသမျှတို့ကို စောင့်ခြင်း အမှုကို၎င်း၊ အသီးသီးဆောင်ရွက်စေခြင်းငှါ ခန့်ထား၏။ ထိုသို့ ဘုရားသခင် ၏လူ ဒါဝိဒ် မှာ ထားနှင့်သတည်း။
ယဇ်ပုရောဟိတ် လေဝိ သားတို့သည်၊ အသီးအသီး စောင့်ရသောအမှု ကို အလှည့်သင့်သည်အတိုင်း စောင့်လျက်၊ ထာဝရဘုရား ၏ကျိန်းဝပ် တော်မူသောဌာနတော်တံခါး အတွင်း ၌၊ မီးရှို့ ရာယဇ်နှင့် မိဿဟာယ ယဇ်ကိုပူဇော်ခြင်း၊ အမှု တော်မျိုးကိုစောင့်ခြင်း၊ ကျေးဇူး တော်ကို ဝန်ခံခြင်း၊ ထောမနာ သီချင်း ဆိုခြင်းအမှုကို ပြုစေခြင်းငှါ ၊ ဟေဇကိ ခန့်ထား တော်မူ၏။
ထိုသို့ ရှင်ဘုရင် အမိန့် တော်အတိုင်း ၊ ဝတ်ပြုစရာ ပြင်ဆင်၍ ယဇ် ပုရောဟိတ်တို့သည် မိမိ တို့နေရာ ၌ ရပ် ၍ ၊ လေဝိ သားတို့သည် မိမိ တို့ အမှု ကို ဆောင်ရွက် ကြ၏။