All books in မြန်မာကျမ်းစာ

ရာဇဝင်ချုပ်ပဌမစောင်။ 3

မြန်မာကျမ်းစာ · chapter 3

29 အခန်းများ

1 ¶ ဟေဗြုန် မြို့၌ ဒါဝိဒ် မြင် သော သား တို့တွင် သားဦး ကား၊ ယေဇရေလ မြို့သူအဟိနောင် တွင် မြင်သောသားအာမနုန် တည်း။ ဒုတိယ သားကား၊ ကရမေလ မြို့သူအဘိဂဲလ တွင် မြင်သောသား ဒံယေလ တည်း။

2 တတိယ သားကား၊ ဂေရှုရ ရှင်ဘုရင် တာလမဲ သမီး မာခါ ၏သား အဗရှလုံ တည်း။ စတုတ္ထ သားကား၊ ဟဂ္ဂိတ် ၏သား အဒေါနိယ တည်း။

3 ပဉ္စမ သားကား အဘိတလ ၏ သားရှေဖတိ တည်း။ ဆဌမ သားကား၊ မြောက်သားတော် ဧဂလ တွင် မြင်သော သား ဣသရံ တည်း။

4 ထိုသားခြောက် ယောက်တို့ကို ဟေဗြုန် မြို့၌ မြင် ၏။ ထိုမြို့တွင် ခုနစ် နှစ် နှင့် ခြောက် လ မင်း ပြု၏။ ယေရုရှလင် မြို့တွင် အနှစ်သုံး ဆယ်သုံး နှစ် မင်း ပြု၏။

5 ယေရုရှလင် မြို့၌ မြင် သောသားဟူမူကား ၊ ရှမွာ ၊ ရှောဗပ် ၊ နာသန် ၊ ရှောလမုန် တည်းဟူသောအမျေလ သမီး ဗာသရှေဘ တွင် မြင်သောသား လေး ယောက်။

6 ထိုမှတပါး၊ ဣဗဟာ ။ ဧလိရွှ ၊ ဧလိပလက်။

7 နောဂ ၊ နေဖက် ၊ ယာဖျာ၊

8 ဧလိရှမာ ၊ ဧလျာဒ ၊ ဧလိဖလက် ၊ ပေါင်းကိုး ယောက်တည်း။

9 ဤရွေ့ကားမယားငယ် တွင်ရသောသား တို့ကို မဆိုဘဲ ဒါဝိဒ် ၏ သား များတည်း။ နှမ တာမာ လည်းရှိ၏။

10 ရှောလမုန် သား ကား ရောဗောင် ၊ ရောဗောင်သား အဘိယ ၊ အဘိယသား ယောရှဖတ်၊

11 ယောရှဖတ်သား ယောရံ ၊ ယောရံသား အာခဇိ ၊ အာခဇိသား ယောရှ၊

12 ယောရှသား အာမဇိ ၊ အာမဇိသား ဩဇိ၊ ဩဇိသား ယောသံ၊

13 ယောသံသား အာခတ် ၊ အာခတ်သား ဟေဇကိ ၊ ဟေဇကိသား မနာရှေ၊

14 မနာရှေသား အာမုန် ၊ အာမုန်သား ယောရှိ တည်း။

15 ယောရှိ သားဦး ကား ယောဟာနန် ၊ ဒုတိယ သား ယောယကိမ် ၊ တတိယ သားဇေဒကိ ၊ စတုတ္ထ သား ရှလ္လုံ တည်း။

16 ယောယကိမ် သား ကား ယေခေါနိ နှင့် ဇေဒကိ တည်း။

17 အကျဉ်းခံရသောယေခေါနိ သား ကား ရှာလသေလ၊

18 မာလခိရံ ၊ ပေဒါယ ၊ ရှေနဇာ ၊ ယေကမိ ၊ ဟောရှမ ၊ နေဒဘိ တည်း။

19 ရှာလသေလသားကား ဇေရုဗဗေလ နှင့် ရှိမိ တည်း။ ဇေရုဗဗေလ သား ကား မေရှုလံ ၊ ဟာနနိ ၊ နှမ ရှေလောမိတ် နှင့်တကွ၊

20 ဟရှုဘ ၊ ဩဟေလ ၊ ဗေရခိ ၊ ဟသဒိ ၊ ယုရှဿေသက် ၊ ပေါင်းငါး ယောက်တည်း။

21 ဟာနနိ သား ကား ပေလတိ နှင့် ယေရှာယ တည်း။ ယေရှာယသား ကား၊ ရေဖာယ ။ ရေဖာယသား အာနန် ၊ အာနန်သား ဩဗဒိ ၊ ဩဗဒိသား ရှေခနိ၊

22 ရှေခနိ သား ရှေမာယ တည်း။ ရှေမာယ သား ကား ဟတ္တုတ် ၊ ဣဂါလ ၊ ဗာရိ ၊ နာရိ ၊ အာဇရိ၊ ရှာဖတ် ၊ ပေါင်း ခြောက် ယောက်တည်း။

23 နာရိ သား ကား ဧလိဩနဲ ၊ ဟေဇကိ ၊ အာဇရိကံ ၊ ပေါင်းသုံး ယောက်တည်း။

24 ဧလျောနဲ သား ကား ဟောဒါယ ၊ ဧလျာရှိပ် ၊ ပေလာယ ၊ အက္ကုပ် ၊ ယောဟန် ၊ ဒလာယ ၊ အာနနိ ၊ ပေါင်း ခုနစ် ယောက်တည်း။