TSK

TSK · ဓမ္မရာဇဝင်တတိယစောင်။ 13:21

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

ထိုအခါ မောရှေ သည် အာရုန် ကို ခေါ်၍၊ ထာဝရဘုရား က၊ ငါသည် သန့်ရှင်း ခြင်းရှိသည်ဟု ငါ့ ထံသို့ ချဉ်းကပ် သောသူတို့သည် မှတ်ရမည်။ လူ အပေါင်း တို့သည် ငါ့ဘုန်း ကို ချီးမြှင့်ရကြမည်ဟု မိန့် တော်မူရာ၌၊ ထိုသို့သော အမှုကို ရည်ဆောင်၍ မိန့်တော်မူသည်ဟု ဆိုလျှင်၊ အာရုန် သည် တိတ်ဆိတ် စွာ နေလေ၏။

သင်တို့သည် မေရိဘ စမ်းရေ နားမှာ ငါ့ စကား ကို ဆန့်ကျင် သောကြောင့် ၊ ဣသရေလ အမျိုးသား တို့အား ငါပေး သော ပြည် သို့ အာရုန် သည် မ ဝင် ရ။ မိမိ လူမျိုး စည်းဝေး ရာသို့ သွားရမည်။

ရှမွေလ ကလည်း သင်သည် မှား ပြီ။ သင် ၏ ဘုရား သခင်ထာဝရဘုရား ထား တော်မူသော ပညတ် တရားကို မ စောင့် ပါတကား။ စောင့်မိလျှင်၊ ထာဝရဘုရား သည် ဣသရေလ အမျိုး၌ သင် ၏ အာဏာ ကို ယခု မှစ၍အစဉ် အမြဲတည် စေတော်မူပြီ။

ရှမွေလ ကလည်း ၊ ထာဝရဘုရား ၏အမိန့် တော်ကို နားထောင် ခြင်း၌ အားရတော်မူသကဲ့သို့ ၊ မီး ရှို့ရာ ယဇ်အစရှိသော ယဇ် မျိုးတို့ကို ပူဇော်ခြင်း၌ အားရ တော်မူမည်လော။ အလို တော်သို့ လိုက်ခြင်းသည် ယဇ် မျိုးထက် သာ၍ကောင်း၏။ နားထောင် ခြင်းသည် သိုး ထီးဆီဥ ထက် သာ၍ကောင်း၏။

သင်သည်ထာဝရဘုရား ၏ ပညတ် တရားတော်ကို မထီမဲ့မြင် ပြု၍ ရှေ့ တော်၌ဒုစရိုက် ကို အဘယ်ကြောင့် ပြု ဘိသနည်း။ ဟိတ္တိ လူ၊ ဥရိယ ၏အသက် ကို ထား ဖြင့် သတ်၍ သူ ၏မယား ကို သိမ်း လေပြီတကား။ ထိုသူ ကို အမ္မုန် အမျိုးသား ထား နှင့် သတ် လေပြီတကား။

¶ ထာဝရဘုရား က၊ ထို အရပ်၌ မုန့် ကိုမ စား နှင့်။ ရေ ကိုမ သောက် နှင့်။ လာ သော လမ်း ဖြင့် မ ပြန် နှင့်ဟု ငါ့ အား မိန့် တော်မူကြောင်းကို ပြောဆို ၏။

မိမိ ၌ဖြစ် လေသမျှ ကို မယား ဇေရက် နှင့် အဆွေ ခင်ပွန်းရှိသမျှ တို့အား ကြားပြော လေ၏။ မယား ဇေရက် နှင့် ဟာမန် ၏ အဆွေပညာရှိ တို့ကလည်း ၊ ကိုယ်တော်ရှုံး စ ရှိသော မော်ဒကဲ သည်၊ ယုဒ အမျိုး မှန်လျှင် ၊ ကိုယ်တော် သည် သူ့ ကို မ နိုင်။။ သူ့ ရှေ့ မှာ ဧကန် အမှန်ရှုံး ရမည် ဟု ပြန်ပြော ကြ၏။

သို့သော်လည်း ၊ သင် တို့အားငါ ဟောပြောသော ဧဝံဂေလိတရားမှတစ်ပါးအခြားသောဧဝံဂေလိတရားကို ငါတို့သည် ဟောပြောသော်၎င်း၊ ကောင်းကင် ဘုံမှ လာသောကောင်းကင်တမန် ဟောပြော သော်၎င်း၊ ဟောပြောသောသူသည် ကျိန် တော်မူခြင်းကိုခံ စေ။