TSK

TSK · ရှင်ပေတရုဩဝါဒစာပဌမစောင်။ 3:21

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

¶ ထိုကာလ ၌ ဒါဝိဒ် မင်းမျိုး နှင့် ယေရုရှလင် မြို့ သားတို့၏ ဒုစရိုက် အပြစ်အညစ် အကြေးကို ဆေးကြောစရာဘို့ စမ်းရေ တွင်းသည် ပွင့် လျက်ရှိ လိမ့်မည်။

“ယုံကြည် ၍ ဗတ္တိဇံ ကိုခံသောသူ သည် ကယ်တင် တော်မူခြင်းသို့ ရောက်လတံ့။ မယုံကြည် သောသူ မူကား အပြစ် စီရင်ခြင်းကို ခံရလတံ့။”

ပေတရု ကလည်း ၊ သင် တို့၏အပြစ် ကိုလွတ် စေခြင်းငှာ နောင်တရ ၍ တစ်ယောက်မျှမကြွင်း၊ ယေရှု ခရစ် ၏ နာမ ၌ ဗတ္တိဇံ ကိုခံကြလော့။ သို့ပြုလျှင် သန့်ရှင်း သောဝိညာဉ် တော်တည်းဟူသောဆုကျေးဇူး တော်ကို ခံရ ကြလိမ့်မည်။

ဖိလိပ္ပုက၊ သင်သည် စိတ်နှလုံးအကြွင်းမဲ့ယုံကြည်လျှင် ခံရသည် ဟုဆိုလေ၏။ အမတ်ကလည်း၊ ယေရှုခရစ်သည် ဘုရားသခင်၏ သားတော်ဖြစ်တော်မူကြောင်းကို အကျွန်ုပ်ယုံကြည်ပါသည်ဟု ဝန်ခံ၍၊

ယခု လည်း သင်သည်အဘယ်ကြောင့် ဆိုင်းလင့် ၍ နေသနည်း။ ထ လော့။ သခင် ဘုရားကို ပဌနာ ပြုလျက် ဗတ္တိဇံ ကိုခံ၍ ၊ သင် ၏အပြစ် များကို ဆေးကြော လော့ဟု ဆို ပါ၏။

ယေရှု ခရစ် ၌ ဗတ္တိဇံ ကိုခံသောသူရှိသမျှ တို့သည် အသေခံ တော်မူခြင်း၌ ဗတ္တိဇံ ကိုခံကြသည်ဟု သင်တို့ မ သိသလော။

ညီအစ်ကို တို့၊ သင် တို့သည် ကျမ်းစာ ကို လွန် ၍ သူတစ်ပါးကို မ ရိုသေ အပ်ဟု ငါ တို့ကိုထောက်၍ နားလည် စေခြင်းငှာ ၎င်း၊ မာန စိတ်ထောင်လွှားသည်နှင့် တစ် ယောက်ကိုမှီဝဲ၍တစ် ယောက်ကိုငြင်းဆန် ခြင်းမ ရှိစေခြင်းငှာ ၎င်း၊ ငါဆိုခဲ့ပြီးသောအချက်၌ သင်တို့၏ အကျိုးကို ထောက်၍ ငါ နှင့် အာပေါလု ကို ပုံဆောင် လျက် ဆိုသတည်း။

ငါ တို့ဝါကြွား ဝမ်းမြောက်ခြင်း အကြောင်း ဟူမူကား၊ လောကီ ပညာ ကိုအမှီမ ပြု ၊ ဘုရားသခင် ၏ ကျေးဇူး တော်ကို အမှီပြု၍ လျစ်လျူ သောစိတ်နှင့်၎င်း ၊ ဘုရားသခင် အလိုတော်ရှိသောကြည်ဖြူ ခြင်းနှင့်၎င်း၊ ငါ တို့သည်ဤလောက ၌ ကျင့်ကြံပြုမူ ၍ သင် တို့ဆီမှာ လည်း ထိုသို့အထူးသဖြင့်ကျင့်ကြံ ပြုမူသည်ဟု ကိုယ်ကိုကိုယ် သိသော စိတ်သည်သက်သေခံ သတည်း။

ခရစ်တော် ၌ ဗတ္တိဇံ ကိုခံသောသူရှိသမျှ တို့သည် ခရစ်တော် ကို ယူတင်ဝတ်ဆောင် သောသူဖြစ်ကြ၏။

ဗတ္တိဇံ အားဖြင့် ထိုသခင် နှင့်အတူသင်္ဂြိုဟ် ခြင်းကို ခံကြ၏။ ခရစ်တော် ကို သေ ခြင်းမှ ထမြောက် စေတော်မူသောဘုရားသခင် ၏ ပြုပြင်အားထုတ် တော်မူခြင်းကို ယုံကြည် သောအားဖြင့် ၊ ဗတ္တိဇံကိုခံ၍ ထိုသခင် နှင့်အတူ ထမြောက် ခြင်းသို့ ရောက်ကြ၏။။

ငါ တို့ကျင့် သော ဖြောင့်မတ် ခြင်းအကျင့် အားဖြင့် မ ဟုတ်ဘဲ၊ မိမိ သနား ခြင်းကရုဏာတော်နှင့်အညီ ဒုတိယ မွေးခြင်းနှင့်ဆိုင်သော ဆေးကြော ခြင်းအားဖြင့်၎င်း၊သန့်ရှင်း သောဝိညာဉ် တော်၏အသစ် ပြုပြင် ခြင်းအားဖြင့် ၎င်း၊ ငါ တို့ကို ကယ်တင် တော်မူ၏။

ထိုသို့ပူဇော်သောအခါသေ ခြင်းမှ ထမြောက် စေခြင်းငှာ ၊ ဘုရားသခင် တတ်နိုင် တော်မူသည်ကို သူသည် အောက်မေ့ ၏။ ထိုသား ကို ပုံ စကားအားဖြင့် သေခြင်းထဲက ရ ၏