TSK

TSK · ဓမ္မရာဇဝင်ပဋ္ဌမစောင် 12:14

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

ကျွန် ခံနေရာအဲဂုတ္တု ပြည် မှ သင် တို့ကို ကယ်နှုတ် ဆောင်ယူ ခဲ့တော်မူသော သင် တို့၏ဘုရားသခင် ထာဝရဘုရား ထံတော်မှ လွဲ စေခြင်းငှာ ၎င်း၊ သင် တို့၏ဘုရားသခင် ထာဝရဘုရား သည်၊ သင်တို့လိုက် စရာဘို့ မှာ ထား တော်မူသော လမ်း မှ ထွက် စေခြင်းငှာ၎င်း ဟောပြော သောကြောင့် ၊ ထို ပရောဖက် ပြုသူနှင့် အိပ်မက် မြင် သူတို့ သည် အသေ သတ်ခြင်းကိုခံ ရကြမည်။ ထိုသို့ ဒုစရိုက် အပြစ်ကို သင် တို့အထဲ က ပယ်ရှင်း ရကြမည်။

ယခု မှာ ထာဝရဘုရား ကို ကြောက်ရွံ့ ၍ ကြည်ဖြူ ခြင်း၊ သစ္စာ စောင့်ခြင်းနှင့်တကွ ဝတ်ပြု ကြလော့။ မြစ် ကြီးတစ်ဘက် ၌ ၎င်း၊ အဲဂုတ္တု ပြည်၌ ၎င်း၊ ဘိုးဘေး တို့ဝတ်ပြု သော ဘုရား များကို ပယ် ၍ ထာဝရဘုရား ကိုသာ ဝတ်ပြု ကြလော့။

အာဇရိသည် အာသ မင်းကို ကြိုဆိုခြင်းငှါသွားလျက်၊ အိုအာသ မင်း၊ အိုယုဒ အမျိုးနှင့် ဗင်္ယာမိန် အမျိုးသားအပေါင်း တို့၊ ငါ့ စကားကို နားထောင် ကြလော့။ သင် တို့သည် ထာဝရဘုရား ဘက် ၌ နေလျှင်၊ နေစဉ် ကာလ၊ ထာဝရ ဘုရားသည် သင် တို့နှင့်အတူ ရှိ တော်မူမည်။ ထာဝရ ဘုရားကိုရှာ လျှင် အတွေ့ ခံတော်မူမည်။ စွန့် လျှင် သင် တို့ကို စွန့် တော်မူမည်။

မှောင်မိုက် ကိုစေလွှတ် ၍ ၊ မိုက်မဲ စေတော်မူ၏။ သူတို့သည် နှုတ်ကပတ် တော်ကို ဆန့်ကျင် ဘက်မ ပြုရကြ။

ကောင်း သောအကျင့် ကို အမြဲ ကျင့်၍ ၊ ဘုန်း အသရေ ကို၎င်း ၊ မ ဖောက်ပြန်သောဇာတိကို၎င်း ၊ ရှာ သောသူ တို့အား ထာဝရ အသက် ကို ပေးတော်မူလတံ့၊