အခြား တပါးသော ဘုရား ထံသို့ သွား ၍ ဝတ်ပြု ကြစို့ဟု ပြောဆို လျက် ၊ သူ တို့မြို့သူ မြို့သားတို့ကို သွေးဆောင် ကြောင်းကို၊ သင် ၏ဘုရားသခင် ထာဝရဘုရား သည် သင့် နေ စရာဘို့ ပေး တော်မူသောမြို့ တစုံ တမြို့၌ သင်သည် သိတင်းကြား လျှင် ၊ ထို အမှုကို စေ့စေ့မေးမြန်း စစ်ကြောရမည်။
TSK
TSK · ရာဇဝင်ချုပ်ဒုတိယစောင်။ 13:7
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ထိုအခါ ယေဖသ သည် ညီ တို့ဆီမှ ထွက်သွား ၍ တောဘ ပြည် ၌ နေ သဖြင့် ၊ လျှပ်ပေါ် သောသူ တို့သည် သူ့ ထံမှာ စည်းဝေး ၍ သူ့ နောက် ၌ လိုက် ကြ၏။
¶ သူ့ ရှေ့ မှာ အဓမ္မ လူ နှစ် ယောက်ကိုထား ၍ ၊ သင်သည် ဘုရားသခင် နှင့် ရှင် ဘုရင်ကိုစွန့်ပယ် ပြီဟု သက်သေခံ ပါလေစေ။ သို့ပြီးမှ သူ့ ကို ထုတ် ၍ သေ စေခြင်းငှါ ကျောက်ခဲ နှင့်ပစ်ကြလော့ဟု ပါသတည်း။
ဣသရေလ အမျိုးသားအပေါင်း တို့သည် ရှင်ဘုရင် နား မ ထောင်ကြောင်း ကိုသိမြင်လျှင်၊ ငါ တို့သည် ဒါဝိဒ် နှင့် အဘယ်သို့ ဆက်ဆံသနည်း။ ယေရှဲ ၏သား နှင့် အဘယ်သို့အမွေ ခံရသေးသနည်း။ အိုဣသရေလ အမျိုး၊ သင် တို့နေရာ သို့ အသီးသီး သွား ကြ။ အိုဒါဝိဒ် ၊ သင် ၏အိမ် ကိုကြည့်ရှု လော့ဟု ရှင်ဘုရင် အား ပြန်ပြော လျက်၊ ဣသရေလ လူအပေါင်း တို့သည် မိမိ တို့နေရာ သို့ ပြန် သွားကြ၏။
ရောဗောင် မင်းကြီး သည် ယေရုရှလင် မြို့၌ ကိုယ်ကိုခိုင်ခံ့ စေ၍ စိုးစံ သေး၏။ရောဗောင် သည်နန်းထိုင် သောအခါ၊ အသက် လေးဆယ် တနှစ် ရှိ၏။ထာဝရဘုရား သည်နာမ တော်တည် စရာဘို့၊ ဣသရေလ ခရိုင် များတို့အထဲ ကရွေးကောက် သော ယေရုရှလင် မြို့၌၊ ဆယ် ခုနှစ် နှစ် စိုးစံ လေ၏။မယ်တော် ကားအမ္မုန် အမျိုးသားနေမ အမည် ရှိ၏။
လျှပ်ပေါ် သော လူ တို့နှင့်အတူ မ ထိုင် ပါ။ လျှို့ဝှက် သော လူစုထဲ သို့ မ ဝင် ပါ။
လယ် လုပ် သောသူသည် ဝ စွာစားရ၏။ အချည်းနှီး သောအမှုကို စောင့် သောသူမူကား ၊ ဆင်းရဲ ခြင်းနှင့် ဝ လိမ့်မည်။
ထိုပြည် တွင် သူငယ် တို့ကို မင်း အရာ၌ ငါခန့် ထား ၍ နို့စို့သူငယ် တို့သည် အုပ်စိုး ကြလိမ့်မည်။
ညီအစ်ကို တို့၊ သင်တို့သည် ဉာဏ် အရာ၌ သူငယ် မ ဖြစ် ကြနှင့်။ မတရားသောအမှုအရာ၌ နို့စို့ သူငယ်ဖြစ်ကြလော့။
သင်တို့သည် ကာလ ကြာသောကြောင့် ဆရာ အဖြစ် သို့ ရောက် သင့်သော်လည်း ၊ ဘုရားသခင် ၏ ဗျာဒိတ် တော်၌ ရှေ့ဦးစွာ သင်ရသောတရားနုတို့ကို သူတစ်ပါးထံ၌တဖန် သင် ရသော အကြောင်း ရှိ သည် ဖြစ်၍၊ ကြေခဲ သောအစာ ကို မ သုံးဆောင်၊ နို့ ကိုသာ သုံးဆောင် ရသောသူဖြစ် ကြ၏