TSK

TSK · ရာဇဝင်ချုပ်ဒုတိယစောင်။ 21:11

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

သင်သည် သူ တို့ သမီး များကိုယူ ၍၊ ကိုယ် သား တို့နှင့် ထိမ်းမြားပေးစားသဖြင့်၊ ထိုသမီး တို့သည် မိမိ တို့ ဘုရား နှင့် မှားယွင်း ခြင်းကို ပြု၍ သင် ၏သား တို့ကို ထိုဘုရား တို့နှင့် မှားယွင်း စေမည်ဟူ၍၎င်း စိုးရိမ်စရာ ရှိ၏။

ထိုသို့ နေသောသူ နှင့် သူ ၏ အိမ်သူ အိမ်သားတို့ကို ၊ ငါ သည် မျက်နှာ ထား ၍ ၊ ထိုသူ ကို၎င်း ၊ သူ နှင့်အတူ မောလုတ် ဘုရားထံ ၌ မှားယွင်း သောသူကို၎င်း ၊ သူ တို့အမျိုး မှ ပယ်ရှင်း မည်။

တဖန် မောရှေ အား ထာဝရဘုရား က၊ သင် သည် ဘိုးဘေး တို့နှင့် အိပ်ပျော် သောအခါ ၊ ဤ လူမျိုး သည် ထ ၍ ယခုသွား သော ပြည် ၌နေသောတပါး အမျိုးသားကိုးကွယ်သော ဘုရား တို့နှင့် မှားယွင်း ၍ ငါ့ ကိုစွန့် လျက် ၊ ငါဖွဲ့ ထားသော ပဋိညာဉ် တရားကို ဖျက် လိမ့်မည်။

¶ သင်မူကား သင့် ရှေ့ မှာ ဖြစ် ဘူးသော သူ အပေါင်း တို့ကို လွန် ၍ ဒုစရိုက် ကိုပြုလေပြီ။ ငါ့ အမျက် ကို နှိုးဆော်ခြင်းငှါ အခြား တပါးသော ဘုရား နှင့်သွန်း သော ရုပ်တု တို့ကိုလုပ်၍ ငါ့ ကိုသင့် ကျော နောက် သို့ ပစ် ထားပြီ။

ယောရံ သည် ယေဟု ကိုမြင် လျှင် ၊ ယေဟု ငြိမ်သက် ခြင်းရှိသလော ဟု မေး သော် ၊ ယေဟုက၊ သင့် အမိ ယေဇဗေလ ပြု သော အဓမ္မမေထုန်အမှု၊ ပြုစား သော အမှုများ သော ကာလ အတွင်းတွင်၊ အဘယ်သို့ သော ငြိမ်သက် ခြင်းရှိ လိမ့်မည်နည်းဟု ပြန်ပြော သော်၊ “

ဣသရေလ ရှင် ဘုရင်တို့ လမ်း သို့ လိုက် သောကြောင့် ၎င်း၊ အာဟပ် အမျိုး မှားယွင်း သည်နည်းတူ ယုဒ ပြည်သူ၊ ယေရုရှလင် မြို့သား တို့သည်၊ တပါးအမျိုးသားတို့ ၏ ဘုရားနှင့်မှားယွင်းရမည် အကြောင်းပြုသောကြောင့်၎င်း၊ ကိုယ် ထက် သာ၍ကောင်း သော ညီရင်း တို့ကိုသတ် သောကြောင့် ၎င်း ၊

သူ တို့သည် မြင့် သော အရပ်များအားဖြင့် ၊ အမျက် တော်ကို နှိုးဆော်၍ ၊ ရုပ်တု များအားဖြင့် လည်း စိတ်တော်ကို ချုပ်ချယ် နှောင့်ရှက်ကြ၏။

သင် တို့၏ ဒုစရိုက် အပြစ်ကို၎င်း ၊ တောင် ပေါ် မှာ လောဗန်ကို မီးရှို့ ၍ ၊ ကုန်း ပေါ် မှာ ငါ့ ကိုကဲ့ရဲ့ သော သင် တို့ဘိုးဘေး ၏ ဒုစရိုက် အပြစ်ကို၎င်း သင်တို့ရင်ခွင် ၌ ငါဆပ်ပေးမည်။ အကယ်စင်စစ်သူ တို့ပြုဘူးသောအကျင့် တို့၏ အကျိုး အပြစ်ကို သူ တို့ရင်ခွင် ၌ ငါခြင် ၍ ပေး မည်ဟု၊ ထာဝရဘုရား မိန့် တော်မူ၏။

သို့ရာတွင် ၊ သင် သည်ကိုယ်လှ သော အဆင်းကို ကိုးစား ၍ ၊ ဂုဏ် အသရေကျော်စောသောကြောင့် ၊ ပြည်တန်ဆာ လုပ်၍၊ ခရီးသွား သောသူအပေါင်း တို့နှင့် မ တရားသောမေထုန်ကို အနှံ့အပြား ပြုသဖြင့် ၊ ယောက်ျား တိုင်းအခွင့် ရ၏။

သူ တို့အား ပေး ခြင်းငှါ ငါကျိန်ဆို သော ပြည် သို့ ဆောင် သွင်းသောအခါ ၊ သူတို့သည်မြင့် သောတောင် ၊ ထူထပ် သော သစ်ပင် ရှိသမျှ တို့ ကိုကြည့်ရှု ၍၊ ထို အရပ်တို့ ၌ ယဇ် ပူဇော် ခြင်း၊ ငါ့အမျက် ကို နှိုးဆော်သော အလှူ ဒါန ကိုတင် ခြင်း၊ နံ့သာပေါင်း ကို မီးရှို့ ခြင်း၊ အရည် ပူဇော်သက္ကာသွန်းလောင်း ခြင်းတို့ကို ပြုကြ၏။

တံပိုး ၊ ခရာ၊ စောင်း ၊ ပုလွေ ၊ တယော၊ ပတ်သာအစရှိသော တုရိယာ မျိုး တီးမှုတ်ခြင်းအသံ ကို ကြား သောအခါ ၊ နေဗုခဒ်နေဇာ မင်းကြီး တည် ထားတော်မူသော ရွှေ ရုပ်တု ကို ပြပ်ဝပ် ကိုးကွယ် ရကြမည်။

အိုဣသရေလ အမျိုး၊ သင် သည် ပြည်တန်ဆာ လုပ်သော်လည်း ၊ ယုဒ အမျိုးကို မ မှားယွင်း ပါစေနှင့်။ ဂိလဂါလ မြို့သို့ မ ချဉ်းကပ် ကြနှင့်။ ဗေသဝင် မြို့သို့ မ သွား ကြနှင့်။ ထာဝရဘုရား အသက်ရှင် တော်မူသည် အတိုင်းဟူ၍မ ကျိန်ဆို ကြနှင့်။

မိမိ အိမ်နီးချင်း ၌ အဝတ် အချည်းစည်းရှိခြင်းကို မြင် လို ၍၊ သူ့ကို ယစ်မူး စေခြင်းငှါသေရည် သေရက်ကို လောင်း ၍ သောက် စေသောသူသည် အ မင်္ဂလာရှိ၏။

ပဌမသားရဲ ရှေ့ ၌ ပြ ပိုင်သောနိမိတ် လက္ခဏာတို့အားဖြင့် မြေကြီး သား တို့ကို လှည့်ဖြား ၏။ ဓါး နှင့် ခုတ်သောဒဏ်ချက် ကို ခံရ ၍ အသက် ရှင်သေးသော သားရဲ ၏ ရုပ်တု ကို လုပ် စေခြင်းငှာမြေကြီး သား တို့ကို မှာထား ၏။