TSK

TSK · တိမောသေဩဝါဒစာဒုတိယစောင် 3:4

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

မယုံကြည် သောစိတ်ရှိသောကြောင့် သူတို့ ကိုချိုးဖဲ့ သည်ဖြစ်၍၊ သင် သည်ယုံကြည် ခြင်းအားဖြင့်သာ တည် ၏။ မာန စိတ် မ ရှိစေနှင့်။ ကြောက် ခြင်းစိတ်ရှိစေလော့။

အကြောင်းမူကား ၊ အထက် အဖန်ဖန်ငါပြော ၍၊ ယခုပင် မျက်ရည် ကျလျက်နှင့် ပြော သည်အတိုင်း၊ ခရစ်တော် ၏ လက်ဝါးကပ်တိုင် ကို ရန်ဘက် ပြု၍ ကျင့် သောသူ အများ ရှိကြ၏။။

မတရား သောသူတို့ကို ဒဏ်ခံစေမည် အကြောင်း၊ ညစ်ညူး သော တပ်မက် ခြင်းကိလေသာနှင့်တကွ ၊ ကာမဂုဏ် အလိုသို့လိုက်၍ ၊ အာဏာစက် ကို မထီမဲ့မြင် ပြုသော သူ တို့ကို အထူးသဖြင့် ဒဏ် ခံစေမည် အကြောင်း၊ တရား ဆုံးဖြတ်သောနေ့ အဘို့ ချုပ် ထား ခြင်းငှာ၎င်း ၊ ထာဝရ ဘုရားသည် တတ်နိုင် တော်မူ၏။ ထိုသူတို့သည် ရဲရင့် သောသူ၊ ကိုယ် အလိုသို့ လိုက်တတ် သော သူဖြစ်၍၊ ဘုန်း တန်ခိုးကြီးသောသူတို့ကို ကဲ့ရဲ့ ဝံ့ကြ ၏။

ယခု ယောင်ယမ်း သောအဓမ္မလူတို့သည်၊ ရှေးနည်းတူ မိမိတို့ ကိုယ် ကိုညစ်ညူး စေ၍၊ အာဏာစက် ကိုပယ် လျက် ၊ ဘုန်း တန်ခိုးကြီးသောသူတို့ကို ကဲ့ရဲ့ တတ်ကြ၏။