လယ်လုပ်၍ အသီးအနှံ ကို သိမ်းစရှိသည်ကာလ၊ သိမ်း ပွဲ ကို၎င်း၊ လယ် လုပ် ၍ အသီးအနှံ ကို သိုထား သည်ကာလ၊ နှစ် လဲ သောအခါ ၊ သိုထား ပွဲ ကို၎င်း ခံရမည်။
TSK
TSK · တမန်တော်ဝတ္ထု။ 2:5
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
အချိန်တန်မှ ဘာသာ စကားခြားနားသော လူ အမျိုးမျိုးအပေါင်း တို့ကို ငါစည်းဝေး စေသဖြင့် ၊ သူတို့သည် လာ ၍ ငါ ၏ဘုန်း ကို ဖူးမြင် ကြလိမ့်မည်။
လူမျိုး အပေါင်း တို့အားသက်သေ ဖြစ်မည်အကြောင်း နိုင်ငံ တော်နှင့်ယှဉ်သော ဧဝံဂေလိ တရားကို လောကီ နိုင်ငံအရပ်ရပ်ရှိသမျှ တို့၌ ဟော ရလိမ့်မည်။ သို့ပြီးမှ အဆုံး သည်ဖြစ် လတံ့။
ကောင်းကင် တစ်ဘက်မှ ပြက် သောလျှပ်စစ် သည် ကောင်းကင် အနှံ့အပြား ထွန်းလင်း သကဲ့သို့ ၊ လူ သား သည် မိမိ နေ့ရက် ၌ ဖြစ် တော်မူလတံ့။
ကိုးကွယ် ခြင်းအမှုနှင့် ထို ပွဲ သို့ ရောက်လာ သောသူ တို့တွင် ဟေလသ လူအချို့ ပါ ၏။
တရားကိုရိုသေ သောသူ တို့သည် သတေဖန် ကို သင်္ဂြိုဟ် ၍ ပြင်းစွာ သောငိုကြွေး မြည်တမ်းခြင်းကို ပြု ကြ၏။
ထိုသူသည် မိမိ အိမ် တွင်ရှိသမျှ သော သူတို့နှင့်တကွ ဘုရားဝတ်၌ မွေ့လျော် ၍ ဘုရားသခင် ကို ကြောက်ရွံ့ ခြင်းရှိသဖြင့် လူ တို့အားများစွာ သော စွန့်ကြဲ ခြင်းကိုပြု ၍ ဘုရားသခင် ကို အစဉ် ဆုတောင်း လေ့ရှိ၏။
ထိုအခါ ဘုရားကိုကိုးကွယ် ၍ အသရေ ရှိသော မိန်းမ တို့နှင့် ထိုမြို့ ၌အကြီးအကဲ ဖြစ်သော သူများကို ယုဒ လူတို့သည် နှိုးဆော် ၍၊ ပေါလု နှင့် ဗာနဗ တို့ကို ညှဉ်းဆဲ စေသဖြင့်ထိုပြည် ၏နယ် မှ နှင်ထုတ် ကြ ၏။
တိုက်မြစ် ကျခြင်း၊ တည်ကြည် ခြင်းနှင့်တကွမြဲမြံ စွာယုံကြည် ကြလျှင် ၊ သန့်ရှင်း စင်ကြယ်လျက် အပြစ်တင် ခွင့်နှင့် ကင်းလွတ်လျက် ရှိသော သင် တို့ကို ရှေ့ တော်၌ ဆက်သ မည်အကြောင်းတည်း။။