ရှမွေလ ကလည်း ၊ သို့ဖြစ်လျှင် ငါ ကြား ရသော သိုး မြည် သံ၊ နွား မြည် သံကား အဘယ်သို့ နည်းဟုမေး သော်၊
TSK
TSK · တမန်တော်ဝတ္ထု။ 21:13
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ငါ ၏လူ တို့ကို အဘယ်ကြောင့် နှိပ်စက် ကြသနည်း။ ဆင်းရဲ သားတို့၏မျက်နှာ ကို အဘယ်ကြောင့်ကြိတ် ကြသနည်းဟု ကောင်းကင်ဗိုလ်ခြေ သခင် အရှင် ထာဝရ ဘုရား မိန့် တော်မူ၏။
သင်္ဘော သူကြီးသည် လာ ၍ ၊ အိုအိပ်ပျော် သောသူ ၊ အဘယ်သို့ နည်း။ ထ လော့။ သင် ၏ဘုရား ကို ဆုတောင်း လော့။ ငါတို့အသက် လွတ်စေခြင်းငှါထိုဘုရား သည် ငါ တို့ ကို အောက်မေ့ ကောင်း အောက်မေ့လိမ့်မည်ဟု ဆို ၏။
အကြောင်းမူကား ၊ ထိုသူ သည်ငါ ၏နာမ ကြောင့် အဘယ်မျှလောက် ပင် ဆင်းရဲ ခံရမည်ကို ငါ သည် သူ့ အားပြ မည်။ ထိုကြောင့်သင်သွား လော့ဟု အာနနိ အား မိန့် တော်မူ၏။
ထိုသူအပေါင်း တို့သည် အလွန် ငိုကြွေး ၍ ၊ ပေါလု ၏ လည်ပင်း ကို ဘက်ယမ်း လျက် သူ့ ကိုနမ်း ကြ၏။
ငါသည် နေ့တိုင်း အသေခံ ရ၏ဟု ငါ တို့သခင် ယေရှု ခရစ် ၌ သင် တို့အကြောင်းကြောင့် ငါဝါကြွား ဝမ်းမြောက်ခြင်းကို တိုင်တည်၍ ငါဆိုဝံ့၏။
သူတို့သည်ခရစ်တော် ၏ ဓမ္မဆရာ ဖြစ် ကြသလော။ငါ သည် အထူးသဖြင့် ဖြစ်၏ဟု သူရူး ကဲ့သို့ဆို ရ၏။ ပင်ပန်းစွာအမှုကို အထူးသဖြင့်ဆောင်ရွက် သောသူ၊ ရိုက်ပုတ်ခြင်း၊ ထောင် ထဲ၌ လှောင်ထားခြင်းကို အထူးသဖြင့် ခံရသောသူ၊ သေ ဘေး နှင့် အကြိမ်ကြိမ် တွေ့ကြုံသောသူဖြစ်၏။
ထိုမျှမက၊ သင် တို့၏ယုံကြည် ခြင်းကို တင်လှူ ပူဇော်သော ယဇ် အပေါ်မှာ ငါ့ကိုလောင်း သော်လည်း ဝမ်းမြောက်ခြင်းရှိ၏။ သင်တို့ရှိသမျှ နှင့်အတူ ငါဝမ်းမြောက် ခြင်းရှိ၏။။
ငါ ပေါလု သည်ထိုတရား ကို ဟောသောဆရာ ဖြစ်သည်နှင့် သင် တို့အဘို့ အလိုငှာ ဆင်းရဲ ခံခြင်း၌ ယခု ဝမ်းမြောက် ၍၊ ခရစ်တော် ၏ ဆင်းရဲ ဒုက္ခအကြွင်း အကျန်ကို အသင်းတော် တည်းဟူသောကိုယ်တော် အဘို့ အလိုငှာ ငါ့ ကိုယ်ခန္ဓာ ၌ ပြည့်စုံ စေ၏။။
စစ်သူရဲ မည်သည်ကား၊ မိမိကိုစစ်သူရဲ အရာ၌ ခန့်ထားသောသူ ကို နှစ်သက် စေခြင်းငှာ ၊ လောကီမှု ရေးနှင့် ပြွမ်းနှော ရှုပ်ထွေးခြင်းကိုပယ်ရှားတတ်၏။
ငါ တည်းခို ရာတဲကို မ ကြာမမြင့်မှီ ငါပစ် သွားရမည်အရာ ကို ငါသိမှတ် ၍၊ ဤ တဲ ၌ ရှိ နေစဉ်ကာလ ပတ်လုံး ၊ သင် တို့ကို သတိပေး ၍ နှိုးဆော် အပ်သည်ဟု ငါသဘော ရှိ၏။
သူ တို့သည် သိုးသူငယ် ၏ အသွေး အားဖြင့် ၎င်း၊ မိမိ တို့သက်သေခံ ချက်နှုတ်ကပတ် တရားအားဖြင့် အောင်မြင် ၍ ၊ အသေခံ သည်တိုင်အောင် ကိုယ် အသက် ကို မ နှမြော ကြ။