TSK

TSK · တမန်တော်ဝတ္ထု။ 21:20

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

မြေကြီး စွန်း ရှိသမျှ တို့သည် သတိရ ၍ ၊ ထာဝရဘုရား ထံ တော်သို့ ပြောင်း လဲကြလိမ့်မည်။ လူ အမျိုး အနွယ် အပေါင်း တို့သည် ရှေ့ တော်၌ ကိုးကွယ် ကြလိမ့်မည်။

¶ ထာဝရဘုရား အား အသစ် သောသီချင်း ကို ဆို ကြလော့။ အံ့ဘွယ် သော အမှုတို့ကို ပြု တော်မူပြီ။ လက်ျာ လက်တော်နှင့် သန့်ရှင်း သော လက်ရုံး တော်သည် ကိုယ်တော် အဘို့ ကယ်တင် ခြင်းအမှုကို ပြုလေပြီ။

သားဘွားမည်အကြောင်းကို ငါ သည်စီရင် ပြီးမှ ၊ မ ဘွား စေဘဲနေရမည်လောဟု ထာဝရဘုရား မေး တော်မူ ၏။ ငါ သည် ပဋိသန္ဓေ ပေးပြီးမှ ၊ မဘွားနိုင်အောင် ချုပ် ထားရမည်လောဟု သင် ၏ဘုရား သခင်မေး တော်မူ ၏။

¶ ထိုအခါ အတိုင်းမသိ များစွာသော လူ တို့သည်စုဝေး ၍ အချင်းချင်း နင်းမိ မတတ် နေကြသည်ရှိသော်၊ ယေရှုသည် တပည့် တော်တို့အား မိန့် တော်မူသည်ကား၊ လျှို့ဝှက် ခြင်းတည်းဟူသောဖာရိရှဲ တို့၏ တဆေး ကို ရှေးဦးစွာ ကြဉ်ရှောင် ကြလော့။

သင် ၏ညီ မူကား အထက်ကသေ ၏။ ယခု ရှင်ပြန် ၏။ အထက်ကပျောက် ၏။ ယခု တွေ့ပြန် ၏။ ထိုကြောင့် ပျော်မွေ့ ဝမ်းမြောက် စရာအကြောင်းရှိ ၏။ အဘဆို သည် ဟု မိန့်တော်မူ၏။

ထိုစကား ကို အသင့်နှလုံး သွင်းမိသော သူ တို့သည် ဗတ္တိဇံ ကိုခံ၍ ၊ ထို နေ့ ၌ အရေအတွက်အားဖြင့်သုံးထောင် မျှလောက် သော သူ တို့သည်ဝင် ကြ၏။

ထိုအခါ တမန်တော် တို့၌ အပြစ် ဒဏ်ပေးသင့် သော အကြောင်းကို မ တွေ့ သဖြင့် တဖန် ခြိမ်းခြောက်ပြီးလျှင်လွှတ် ကြ၏။

ဤ အကြောင်းအရာတို့ကို ထိုသူတို့သည် ကြား ရလျှင် မငြင်းဘဲ နေ၍၊ အကယ်စင်စစ်ဘုရားသခင် သည် အသက် ရှင်စေခြင်းအလိုငှာ ၊ နောင်တ တရားကို တပါး အမျိုးသားတို့အားလည်း ပေး တော်မူပြီဟု ဘုရားသခင် ၏ ဂုဏ် တော်ကိုချီးမွမ်းကြ၏။

ဖာရိရှဲ စု ထဲကယုံကြည် သောသူ အချို့ တို့သည် ထ လျက် ၊ တစ်ပါး အမျိုးသားတို့အား အရေဖျားလှီး ခြင်းကို ပေး ရမည်။ မောရှေ ၏ တရား ကို ကျင့် စေခြင်းငှာဆုံးမ ရမည်ဟု ဆိုကြ၏။

ပေါလုကလည်း၊ အကျွန်ုပ် သည် ကိလိကိ ပြည်တာရှု မြို့၌ မွေးဘွား သော ယုဒ လူ ဖြစ် ပါ၏။ ဤ မြို့ မှာ လည်း၊ ဂေါမလျေလ အမည် ရှိသော ဆရာ၏ ခြေ ရင်း၌ ကျွေးမွေးခြင်းကိုခံ၍ မိစဉ်တဆက် ကျင့်သော တရား ကို သေချာ စွာသိနားလည်ခြင်းငှာ နည်း ဥပဒေသကိုခံပါပြီ။ သင် တို့ ရှိ သမျှ သည်ယနေ့ တိုင်အောင်ဘုရားသခင် ဘက် ၌ စိတ်အားကြီးသည် နည်းတူ ၊ အကျွန်ုပ်လည်း စိတ်အားကြီး သဖြင့်၊

ယေရှု ခရစ် ၏အလိုတော်အတိုင်း အချင်းချင်း စိတ်တစ်ညီတစ်ညွတ်တည်းရှိကြမည်အကြောင်း၊ သည်းခံ ခြင်း၊ သက်သာ ခြင်း၏အရှင်၊ ဘုရားသခင်သည် ကယ်မသနားတော်မူပါစေသော။

ဘိုးဘေး တို့၏လက်မှ ငါ ခံရ သောနည်းဥပဒေသ ဘက်၌ အထူးသဖြင့်စိတ်အားသန် လျက် ၊ ငါ ၏ လူမျိုး ထဲ တွင် ငါ့ရွယ်တူ ချင်းအများ တို့ထက် ယုဒ ဘာသာကိုကျင်လည်လေ့ကျက်ကြောင်းကို၎င်း သင်တို့ကြားသိကြရပြီ။

ယုံကြည် သော သူ အပေါင်း တို့အားဖြင့် အံ့ဩ ချီးမွမ်းခြင်းကို၎င်း ၊ ခံအံ့သောငှာကြွလာ တော်မူသောနေ့ရက် ၌ ၊ ထိုသူ တို့သည် သခင် ဘုရား၏ မျက်နှာ တော်နှင့် ၎င်း၊ တန်ခိုး ရှိသော ဘုန်း တော်နှင့်၎င်းကွာ၍ ထာဝရ ပျက်စီး ခြင်းတည်းဟူသောအပြစ် ဒဏ်ကို ခံရ ကြလတံ့၊