TSK

TSK · တမန်တော်ဝတ္ထု။ 22:21

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

သခင် ဘုရားကလည်း ၊ ထို သူကားတစ်ပါး အမျိုးသားတို့နှင့် ရှင်ဘုရင် တို့ထံသို့၎င်း၊ ဣသရေလ အမျိုးသား တို့ရှိရာ သို့၎င်း၊ ငါ ၏နာမ ကို ပို့ဆောင် စေခြင်းငှာငါ ရွေးကောက် သော တန်ဆာ ဖြစ် ၏။

ထိုအခါပေါလု နှင့် ဗာနဗ တို့က၊ ဘုရားသခင် ၏ နှုတ်ကပတ် တရားတော်ကိုသင် တို့အား ရှေးဦးစွာ ဟောပြော ရ ၏။ သို့သော်လည်းသင်တို့သည်ပယ် ၍ ထာဝရ အသက် ကိုမိမိတို့မ ခံထိုက် သည်ဟု မိမိ တို့စီရင် ကြ သောကြောင့်၊ ထာဝရ ဘုရားသည် မှာ တော်မူသည်အတိုင်း ငါတို့သည်မျက်နှာကိုလွှဲ၍ တစ်ပါး အမျိုးသားတို့ ဆီသို့ လှည့် ကြ၏။

လူမျိုး အပေါင်း တို့သည် ယုံကြည် နားထောင် ကြမည် အကြောင်းပရောဖက် တို့၏ကျမ်းစာ များလာသည် နှင့်အညီ၊ ထာဝရ ဘုရားသခင် ၏ ပညတ် တော်အတိုင်း ထိုသူတို့အားဖေါ်ပြ ရသော နက်နဲ ရာကို ဖွင့်ထားခြင်း ကျေးဇူးတော်နှင့်လျော်စွာ၊ ငါ ဟောသောဧဝံဂေလိ တရားတည်းဟူသောယေရှု ခရစ် ၏ အကြောင်းကို ဟောပြော ခြင်းအားဖြင့် ၊ သင် တို့ကို မြဲမြံ ခိုင်ခံ့စေခြင်းငှာတတ်နိုင် တော်မူသောအရှင်၊

အရေဖျားလှီး ခြင်းကိုခံရသောသူ တို့တွင် ပေတရုကို တမန်တော်ဖြစ်စေခြင်းငှာ၊

ငါ သည်ထိုသက်သေခံ သောသူ အရာ၌၎င်း ၊ တမန်တော် အရာ၌၎င်း၊ ယုံကြည် ခြင်းတရားနှင့် သမ္မာတရား ကို တစ်ပါး အမျိုးသားတို့အား ဟောပြောသောဆရာ အရာ၌၎င်း ခန့်ထားတော်မူသောသူ ဖြစ်သည်ဟု ငါဆိုသော်၊ မုသား စကားကိုမ ဆို၊ မှန် သောစကားကိုဆို ၏။