TSK

TSK · တမန်တော်ဝတ္ထု။ 4:2

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

ထိုအခါ ယဇ်ပုရောဟိတ် အကြီးတို့နှင့် ဖာရိရှဲ များသည်လွှတ် အရာရှိတို့ကို စည်းဝေး စေပြီးလျှင်၊ ငါတို့ သည် အဘယ်သို့ ပြု လျက်နေကြသနည်း။ ထို သူ သည်များစွာ သော နိမိတ် လက္ခဏာကိုပြ ၏။

ထိုအခါယဇ်ပုရောဟိတ် မင်းနှင့် ဇဒ္ဒုကဲ ဖြစ် သော ထိုမင်း ၏ အပေါင်းအဖော် ရှိသမျှ တို့သည် ထ ၍ ဒေါသ အမျက်နှင့် ပြည့် ကြသဖြင့်၊

ယုဒ လူတို့သည် အစည်းအဝေး တို့ကို မြင် လျှင် ငြူစူ သောစိတ် နှင့်ပြည့်စုံ သဖြင့်၊ ပေါလု ၏စကား ကို ငြင်းခုံ သည်သာမက ဆဲရေး ကြ၏။

အကြောင်းမူကား ၊ ခန့်ထား တော်မူသော သူ အားဖြင့် လောကီသား တို့ကို ဖြောင့်မတ် ခြင်းတရားနှင့် ညီလျော်စွာစစ်ကြော စီရင် မည့်နေ့ရက် ကို ချိန်းချက် တော်မူပြီ။ ထိုသူ ကို သေ ခြင်းမှ ထမြောက် စေတော်မူသော အားဖြင့်ခပ်သိမ်း သောလူတို့အား ယုံ လောက်သော သက်သေကိုပြတော်မူပြီဟုပေါလုဟောပြော၏။

သို့သော်လည်းဒိဌိအယူ ဟူ၍သူတို့ခေါ် တတ် သော ဘာသာ အတိုင်း အကျွန်ုပ်သည် မိ စဉ်ဘဆက်ကိုးကွယ် သော ဘုရားသခင် ကို ကိုးကွယ်သည်ဟု ရှေ့တော်၌ အကျွန်ုပ်ဝန်ခံ ပါ၏။ ပညတ္တိ ကျမ်း၊ အနာဂတ္တိ ကျမ်းတို့၌ စီရင်ရေး ထားသမျှ တို့ကို အကျွန်ုပ်ယုံ ပါ၏။

သေ လွန်သောသူတို့ကို ဘုရားသခင် ထမြောက် စေတော်မူမည်ဟူသောအယူ ကိုမယူအပ်ဟု သင် တို့သည် အဘယ်ကြောင့် ထင် ကြပါသနည်း။

ထိုမျှမက ၊ ယေရှု ကိုသေ ခြင်းမှ ထမြောက် စေတော်မူသော ဘုရား ၏ဝိညာဉ် တော်သည် သင် တို့ အထဲ ၌ကျိန်းဝပ် တော်မူလျှင် ၊ ခရစ်တော် ကို သေ ခြင်းမှ ထမြောက် စေတော်မူသော ဘုရား သည် သင် တို့အထဲ ၌ကျိန်းဝပ် သောမိမိ ဝိညာဉ် တော်အားဖြင့် ၊ သေ တတ်သော သင် တို့၏ ကိုယ် ကာယကိုပင် ရှင် စေတော်မူမည်။

သို့ရာတွင် လူအသီးအသီး တို့သည် မိမိ တို့အလှည့် အတိုင်း လိုက်ရကြလိမ့်မည်။ ခရစ်တော် သည် အဦး သီးသော အသီးဖြစ်တော်မူ၏၊ ခရစ်တော် သည် ကြွလာ တော်မူသောအခါ ၊ တပည့် တော်ဖြစ်သော သူ တို့ သည် ရှင်ခြင်းသို့ ရောက်ကြလိမ့်မည်။

ညီအစ်ကို တို့၊ မြော်လင့် ခြင်းမ ရှိ သော အခြား သူတို့သည် ဝမ်းနည်းသကဲ့သို့ ၊ သင် တို့သည် ဝမ်း မ နည်းမည်အကြောင်း ၊ အိပ်ပျော် သော သူ တို့၏ အမှုအရာ ကို မ သိဘဲနေစေခြင်းငှာငါ တို့အလိုမ ရှိ၊