TSK

TSK · ကောလောသဲဩဝါဒစာ 1:21

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

ထိုသို့ သောအားဖြင့်၊ ဣသရေလ အမျိုး ကို သူ တို့ စိတ် သဘောရှိသည်နှင့်အညီငါဘမ်း မည်။ ထို သူအပေါင်း တို့သည် မိမိ တို့ရုပ်တု များကြောင့် ငါ နှင့် ကွာဝေး ကြပြီ။

သို့ဖြစ်၍ ယခု တွင် အသွေး တော်အားဖြင့် ဖြောင့်မတ် ရာသို့ ရောက်ပြီးမှ၊ ထိုသခင် အားဖြင့် အပြစ် ငရဲမှ ကယ်ချွတ်တော်မူခြင်းသို့ ရောက် မည်ဟုသာ၍ မြော်လင့်စရာရှိ၏။

မတရား သောသူတို့သည် ဘုရားသခင် ၏ နိုင်ငံ တော်ကို အမွေ မ ခံရသည်ကို သင်တို့မ သိ ကြ သလော။ အလွဲ မ ယူကြနှင့်။ မတရား သောမေထုန်၌ မှီဝဲသောသူ၊ ရုပ်တု ကိုကိုးကွယ်သောသူ၊ သူ့ မယားကို ပြစ်မှားသောသူ၊ ယောက်ျား ချင်းမေထုန်ကိုပြုသောသူ၊ ထိုအမှုကိုခံသောသူ၊

ထိုအခါ သင်တို့သည် ခရစ်တော် ကိုမ သိ၊ ဣသရေလ အပေါင်း ၌ မဝင်၊ ဂတိ တော်ပါသော ပဋိညာဉ် တရားတို့နှင့် မဆိုင်၊ မြော်လင့် ခြင်းမ ရှိ ၊ လောက ၌ ဘုရားမဲ့ နေကြသည်ကို၎င်း၊ အောက်မေ့ ကြလော့။

ထိုသူ တို့သည် ဉာဏ် အလင်းကွယ် သည်ဖြစ် ၍၊ စိတ် နှလုံး မိုက်မဲ သောအားဖြင့် အလျှင်းမ သိသောကြောင့် ၊ ဘုရားသခင် ၏အသက် နှင့် ကွာရှင်း လျက်ရှိကြ၏။

အကြောင်းမူကား ၊ အထက် က ငါ တို့သည် ပညာ မဲ့သောသူ၊ နားမထောင် သောသူ၊ မှားယွင်း သောသူ၊ အထူးထူး အပြားပြားသော တပ်မက် ခြင်း၊ ကာမဂုဏ် ခံစားခြင်း အမှု တို့ကို ဆောင်ရွက်သောသူ၊ မနာလို ခြင်း၊ ငြူစူ ခြင်း၌ ကျင်လည် သောသူ၊ စက်ဆုပ် ရွံရှာဘွယ်သောသူ၊ အချင်းချင်း မုန်း သောသူဖြစ် ကြ၏။