နံနက် အချိန် ရောက် သောအခါ ၊ ဖါရော မင်း သည် စိတ် ပူပန် ၍ ၊ အဲဂုတ္တု ဗေဒင် တတ် ပညာရှိအပေါင်း တို့ကို ခေါ် ၍ အိပ်မက် တော်ကို ပြန်ကြား တော်မူ၏။ သို့သော်လည်း ရှေ့ တော်၌အနက် ကို ဘတ်နိုင်သောသူ တယောက် မျှမရှိ။
TSK
TSK · ဒံယေလအနာဂတ္တိကျမ်း။ 2:11
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ထိုအခါ ဝိဇ္ဇာဆရာ တို့က၊ ဤ အမှုသည် ဘုရား သခင် ၏ တန်ခိုး ကြောင့်ဖြစ်သည်ဟု ဖါရော ဘုရင်အား လျှောက် ကြားကြ၏။ သို့သော်လည်း ထာဝရဘုရား မိန့် တော်မူသည်အတိုင်း ၊ ဖာရော ဘုရင်သည် နှလုံး ခိုင်မာ ၍ သူ တို့စကားကို နား မ ထောင်ဘဲနေပြန်လေ၏။
ငါ ကျိန်းဝပ် ၍ သင် တို့နေ သောပြည် ကို မ ညစ်ညူး စေရ။ ငါ ထာဝရဘုရား သည် ဣသရေလ အမျိုးသား တို့တွင် ကျိန်းဝပ် သည်ဟု မိန့်တော်မူ၏။
သို့ရာတွင် ဘုရားသခင် သည် မြေကြီး ပေါ် မှာ လူ တို့တွင် ဧကန် အမှန်ကျိန်းဝပ် တော်မူမည်လော။ကောင်းကင် နှင့် ကောင်းကင် တကာတို့၏အထွဋ်၊ အမြင့်ဆုံး သော ကောင်းကင်သည်ကိုယ်တော် ကို မ ဆံ့ မခံနိုင်သည်ဖြစ်၍၊ အကျွန်ုပ်တည်ဆောက် သော ဤ အိမ် ကို အဘယ် ဆိုဘွယ်ရာရှိပါသနည်း။
ကိုယ်ကို ချီးမြှင့် ၍ ကျိန်းဝပ် တော်မူသော်လည်း၊ကိုယ်ကိုနှိမ့်ချ ၍
ငါ မှစ၍ ငါ့ အား ထာဝရဘုရား ပေး တော်မူသော သူငယ် တို့သည် ရှိ ကြ၏။ ဇိအုန် တောင် ပေါ် မှာ ကျိန်းဝပ် တော်မူသောကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ထံ တော်က၊ ဣသရေလ အမျိုး၌ ပုပ္ပ နိမိတ်နှင့် အံ့ဘွယ်သော အရာဖြစ်စေခြင်းငှါပေးတော်မူသတည်း။
အကြောင်း မူကား၊ သန့်ရှင်း ခြင်းဟု နာမ ရှိတော် မူထသော၊ အနန္တ ကာလတည်းဟူသောဘုံဗိမာန်၌ စံ တော်မူထသော၊ အထွဋ် အမြတ်ဖြစ်တော်မူသောဘုရားမိန့် တော်မူသည်ကား ၊ ငါသည် မြင့်မြတ်သန့်ရှင်း သော အရပ် ၌နေ ၏။ စိတ် နှိမ့်ချ သောသူနှင့်၊ နှလုံးကြေကွဲ သောသူတို့ ၏စိတ် ဝိညာဉ်အသက် ရှင်စေ ခြင်းငှါ၊ ကြေကွဲ နှိမ့်ချ သောစိတ် သဘောရှိသောသူတို့၌လည်း ငါနေ၏။
ဒံယေလ က၊ အရှင် မင်းကြီးမေးမြန်း တော်မူသော အရာကို ပညာရှိ ၊ ဗေဒင် တတ်၊ မာဂု ဆရာ၊ အနာဂတ္တိ ဆရာတို့သည် အရှင် မင်းကြီးအား ဘော် ခြင်းငှါ မ တတ်နိုင် ကြပါ။
သန့်ရှင်း သော ဘုရား သခင်၏ ဝိညာဉ် တော်နှင့် ပြည့်စုံသော သူတယောက်သည် နိုင်ငံ တော်တွင် ရှိ ပါ၏။ ခမည်းတော် ဘုရားလက်ထက် တော်၌ ၊ ထိုသူတွင် ဘုရား ပညာ နှင့် တူသော ပညာ ဉာဏ် သတ္တိ ထင်ရှားလျက် ရှိပါ၏။ ထိုသူကို ခမည်းတော် ဘုရား နေဗုခဒ်နေဇာ မင်းကြီး သည် မာဂု ပညာရှိ၊ ဗေဒင် တတ်၊ ခါလဒဲ ဆရာ၊ အနာဂတ္တိ ဆရာတို့အပေါ်တွင် ဆရာ အုပ်အရာ၌ ခန့် ထားတော်မူ ၏။
ယေရှု သည်လည်း သူ တို့ကိုကြည့်ရှု ၍ ဤအမှု ကိုလူ မ တတ်နိုင်။ သို့သော်လည်း ဘုရားသခင် သည် ခပ်သိမ်း သော အမှုတို့ကို တတ်နိုင် တော်မူသည် ဟု မိန့် တော်မူ၏။
နှုတ်ကပတ် တော်သည်လည်း လူ့ ဇာတိအဖြစ် ကို ခံယူ၍၊ ကျေးဇူး တော်နှင့် ၎င်း၊ သစ္စာ တော်နှင့်၎င်း ပြည့်စုံ လျက် ငါ တို့တွင် တည်နေ တော်မူသည်ဖြစ်၍၊ ခမည်းတော် ၌ တစ်ပါးတည်း သောသားတော်၏ ဘုန်း ကဲ့သို့ သူ ၏ဘုန်း တော်ကို ငါတို့သည် မြင် ရကြပြီ။
¶ ယေရှု ကလည်း ၊ ငါ့ ကိုချစ် သောသူ သည် ငါ့ စကား ကို နားထောင် လိမ့်မည်။ ငါ့ ခမည်းတော် သည် ထိုသူ ကို ချစ် တော်မူသည်။ ငါတို့သည်လည်း၊ သူ ဆီသို့ ကြွ ၍ နေရာ ချမည်။
ကောင်းကင်မှ ကြီး သောအသံ ကား၊ ဘုရားသခင် ၏ တဲ တော်သည် လူတို့ တွင် ရှိ ၏။ လူ တို့နှင့်အတူ ကျိန်းဝပ် တော်မူမည်။ သူ တို့သည် ကိုယ်တော် ၏လူ ဖြစ် ကြလိမ့်မည်။ဘုရားသခင် သည် ကိုယ်တော် တိုင်သူ တို့နှင့်အတူ ရှိ နေ၍ သူ တို့၏ ဘုရားသခင် ဖြစ်တော်မူမည်။