ထိုသားသည် ငါ ၏နာမ အဘို့ အိမ် ကို ဆောက် လိမ့်မည်။ သူ ထိုင်သော ရာဇပလ္လင် ကို အစဉ်အမြဲ ငါတည် စေမည်။
TSK
TSK · ဒံယေလအနာဂတ္တိကျမ်း။ 2:44
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ငါ ၏ ရှင်ဘုရင်ကို သန့်ရှင်း သော ဇိအုန် တောင် တော်ပေါ် မှာ၊ ငါ့ ကိုယ်တိုင်ဘိသိတ် ပေးပြီဟု မိန့်တော်မူ မည်။
¶ အိုဘုရား သခင်၊ ကိုယ်တော် ၏ တရား ဆုံးဖြတ်ခြင်းနှင့် ဖြောင့်မတ် စွာ စီရင်ခြင်းအခွင့်ကို မင်း သား ဖြစ်သော ရှင်ဘုရင် အား ပေး သနားတော်မူပါ။
တရံရောအခါ ကိုယ်တော် ၏ သန့်ရှင်း သူတို့ကို ဗျာဒိတ် တော်အားဖြင့် မိန့် မြွက်တော်မူသည်ကား၊ အားကြီး သောသူသည် ကူမ မည် အကြောင်း ငါခန့်ထား ပြီ။ လူစု ထဲ က ရွေးကောက်သောသူ တယောက်ကို ငါချီးမြှောက် ပြီ။
ကိုယ်တော် ၏နိုင်ငံ သည် နိစ္စ ထာဝရနိုင်ငံ ဖြစ်၍ ၊ အာဏာ တော် သည်ကာလ အစဉ်အဆက် တည်ရပါ၏။ ထာဝရဘုရား သည် လဲ သောသူရှိသမျှ တို့ကို ထောက်မ တော်မူ၏။
အကြင်ပြည် နှင့် အကြင်နိုင်ငံ သည် သင် ၏အမှုကို မ ဆောင် ၊ ထိုပြည် နှင့် ထိုနိုင်ငံသည် ပျက်စီး ရ လိမ့်မည်။ ထိုသို့သော တိုင်းနိုင်ငံတို့သည် သုတ်သင် ပယ်ရှင်း ခြင်းကို အမှန်ခံရကြလိမ့်မည်။
နက်နဲ သော အရာတို့ကို ဖွင့်ပြ ၍၊ နောင် ကာလ ၌ ဖြစ် လတံ့သော အရာတို့ကို နေဗုခဒ်နေဇာ မင်းကြီး အား ကြား ပြောတော်မူသောဘုရား သခင်တဆူသည် ကောင်းကင် ဘုံမှာ ရှိ တော်မူ၏။
အရှင် မင်းကြီး၊ ကိုယ်တော် သည် ဘုရင် တို့၏ ဘုရင် ဖြစ်တော်မူ၏။ ကောင်းကင် ဘုံရှင် ဘုရား သခင်သည် နိုင်ငံ နှင့်တကွတန်ခိုး အာနုဘော်အစွမ်း သတ္တိ ဘုန်း အသရေကို ကိုယ်တော် အား ပေး တော်မူပြီ။
ကာလ အချိန်စေ့ သောအခါ၊ ငါ နေဗုခဒ်နေဇာ သည် ကောင်းကင် သို့ မျှော်ကြည့်၍ သတိရပြန်လျှင်၊ အမြင့်ဆုံး သောဘုရားကို ကောင်းကြီး ပေး၍ ၊ ထာဝရ အသက် ရှင်တော်မူသောဘုရားကို ချီးမွမ်း ထောမနာ ပြု၏။ အာဏာ တော်သည် ထာဝရ အာဏာ ဖြစ်၏။ နိုင်ငံ တော်သည် ကမ္ဘာ အဆက်ဆက်တည်၏။
မစ ကယ်တင် ခြင်း ကျေးဇူးကို ပြု တော်မူ၏။ ကောင်းကင် မြေကြီး ၌ နိမိတ် လက္ခဏာ၊ အံ့ဩဘွယ် တို့ကို ဖြစ်စေတော်မူ၏။ ဒံယေလ ကို ခြင်္သေ့ လက် မှ ကယ်လွှတ် တော်မူသော ဘုရားသခင်သည် ထိုသို့သော ဘုရားဖြစ် တော်မူ၏ဟု အမိန့်တော်ရှိ၏။
အရပ်ရပ်တို့၌နေ၍ အသီးသီးအခြားခြားသော ဘာသာ စကားကို ပြောသောလူမျိုး တကာ တို့ကို အုပ်စိုးစေခြင်းငှာ၊ ထိုသူသည် နိုင်ငံ နှင့်တကွ အာဏာစက် တန်ခိုးကိုရ ၏။ အာဏာစက် တော် သည် ကမ္ဘာ အဆက်ဆက်တည်၏။ နိုင်ငံ တော်သည် ပျက်စီး ခြင်းသို့ မ ရောက်နိုင်ရာ။
သူသည်လိမ္မာ စွာပြုသဖြင့်၊ မုသာ လည်း အောင်မြင် လိမ့်မည်။ စိတ်ထောင်လွှား ခြင်းနှင့်တကွမိဿဟာယဖွဲ့သောအားဖြင့် လူများ တို့ကို ဖျက်ဆီး ၍ ၊ သခင် တို့၏သခင် ကို ဆန့်ကျင်ဘက် ပြုလိမ့်မည်။ သို့သော်လည်း ၊ လူလက် ဖြင့် ဒဏ်မ ခတ်ဘဲ ကျိုးပဲ့ ပျက်စီးခြင်းသို့ ရောက်လိမ့်မည်။
တိုင်း နိုင်ငံတို့၏ ရာဇ ပလ္လင်များကို မှောက်လှန် ၍ ၊ အမျိုးမျိုး သော တိုင်း နိုင်ငံတန်ခိုး ကို ဖျက်ဆီး မည်။ ရထား နှင့် ရထား စီး သူရဲတို့ ကိုလည်း မှောက်လှန် မည်။ မြင်း နှင့် မြင်း စီး သူရဲ တို့သည် တယောက် ကို တယောက်ခုတ် ၍ လဲ ကြလိမ့်မည်။
ယေရှု သည် အနီးအပါးသို့ ချဉ်း တော်မူပြီးလျှင် ၊ ကောင်းကင် ဘုံ၌ ၎င်း ၊ မြေကြီး ပေါ်၌ ၎င်း၊ စီရင်ပိုင် သော အခွင့် တန်ခိုးရှိသမျှ တို့ကို ငါ ခံရ ပြီ။
လူ များတို့ကလည်း၊ ခရစ်တော် သည် အစဉ်အမြဲ တည် သည်ဟု ပညတ္တိ ကျမ်း၌ လာကြောင်း ကို အကျွန်ုပ် တို့ ကြားသိ ရပြီ။ သို့ဖြစ်လျှင် လူ သား သည်မြှောက် ထားခြင်းကိုခံရမည်ဟု သင် သည် အဘယ်သို့ ဆို သနည်း။ ထို လူ သား သည် အဘယ်သို့ သောသူနည်းဟု ဆို ကြ၏။
ထိုတန်ခိုးတော်ကား၊ ခရစ်တော် ကိုသေ ခြင်းမှ ထမြောက် စေတော်မူ၍ ခရစ်တော်၌ပြုပြင် သော မဟာ တန်ခိုး အာနုဘော်အရှိန်ကဲ့သို့ဖြစ်၏။
သတ္တမ ကောင်းကင်တမန် သည် တံပိုး မှုတ်သောအခါ ၊ ကောင်းကင် ဘုံ၌ ကြီး သော အသံ တို့ကား ၊ လောကီ နိုင်ငံ သည် ငါ တို့အရှင် ၏ နိုင်ငံဖြစ် လေပြီ။ ထိုအရှင် ၏ ခရစ်တော် နိုင်ငံဖြစ် လေပြီ။ သူသည်လည်း ကမ္ဘာ အဆက်ဆက်စိုးစံ တော်မူမည်ဟု ပြောဆို ကြ၏။