TSK

TSK · ဒံယေလအနာဂတ္တိကျမ်း။ 3:4

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

ထိုအခါ သိဝန် အမည်ရှိသောတတိယ လ နှစ်ဆယ် သုံး ရက်နေ့တွင် ၊ စာရေး တော်ကြီးတို့ကိုခေါ် ၍ ၊ အိန္ဒိယ ပြည်မှ ကုရှ ပြည်တိုင်အောင် တိုင်းပြည် တရာ နှစ်ဆယ် ခုနစ် ပြည်တို့၌ ရှိသောယုဒ လူ၊ ကိုယ်စား တော် မင်း၊ အပြည် ပြည်အုပ်သော မြို့ဝန် ၊ မြို့ သူကြီးတို့ကို မော်ဒကဲ မှာ ထားသမျှ အတိုင်း ၊ ယုဒဘာသာစကားမှစ၍လူအမျိုးမျိုးပြောသောစကားအသီးအသီး အားဖြင့်၊

ဇိအုန် တောင်သို့ ဝမ်းမြောက်စရာ သိတင်း ကို ဆောင်ခဲ့သောသူ၊ မြင့် သောတောင် ပေါ် သို့တက် လော့။ ယေရုရှလင် မြို့သို့ ဝမ်းမြောက် စရာ သိတင်းကို ဆောင်ခဲ့သောသူ၊ ကျယ်သောအသံ ကို လွှင့် လော့။ မ စိုးရိမ် ဘဲ အသံကို လွှင့် လော့။ သင် တို့၏ ဘုရား သခင်ကို ကြည့်ရှု ကြဟု ယုဒ မြို့ ရွာတို့အား ပြော လော့။

¶ ငါ နေဗုခဒ်နေဇာ မင်းကြီး ကြားမှာလိုက်သည်။ မြေကြီး တပြင်လုံး ၌ အရပ်ရပ်နေ ၍ အသီးသီးအခြားခြားသော ဘာသာ စကားကို ပြောသောလူမျိုး တကာတို့၊ သင် တို့၌ ငြိမ်ဝပ် ချမ်းသာခြင်းများပြား စေသော။

ထိုအခါ မြေကြီး တပြင်လုံး တွင် အရပ်ရပ်တို့၌ နေ ၍၊ အသီးသီးအခြားခြားသော ဘာသာ စကားကို ပြောသော လူမျိုး တကာ တို့ရှိရာသို့ အမိန့်တော်စာနှင့် စေလွှတ်တော်မူ၏။ စာချက်ဟူမူကား၊ သင် တို့၌ ငြိမ်ဝပ် ချမ်းသာခြင်းများပြား စေသော။

အကြောင်း မူကား၊ သင်သည် ဩမရိ မင်း၏ စီရင် ထုံးဖွဲ့ချက်တို့ကို၎င်း ၊ အာဟပ် မင်းမျိုး ကျင့်သောအကျင့် ရှိသမျှ ကို၎င်း ကျင့်စောင့် ၍ ၊ သူ တို့၏ တိုက်တွန်း ရာသို့ လိုက် တတ်၏။ သို့ဖြစ်၍ ၊ သင့် ကို ငါ သုတ်သင် ပယ်ရှင်း၍ မြို့ သားတို့ကို ဆဲရေး ရာဖြစ်စေသဖြင့်၊ သင် သည် ငါ ၏လူ တို့ကဲ့ရဲ့ ခြင်းကိုခံရ မည်။