TSK

TSK · ဒံယေလအနာဂတ္တိကျမ်း။ 4:3

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

ဘုရားသခင်သည် အာဏာ တော်နှင့်၎င်း ၊ ကြောက်ရွံ့ ရိုသေဘွယ်သော ဂုဏ်တော်နှင့်၎င်း ပြည့်စုံ၍၊ မြင့် သောဌာနတော်၌ ငြိမ်သက် ခြင်းကို ပြုစု တော်မူ၏။

အိုဘုရား သခင်၊ ဖြောင့်မတ် တော်မူခြင်းတရားသည် အလွန်မြင့် ရာသို့ မှီသည်ဖြစ်၍ ၊ ကိုယ်တော်သည် ကြီးစွာ သော အမှုတို့ကို ပြု တော်မူ၏။ အိုဘုရား သခင်၊ ကိုယ်တော် နှင့်အဘယ် သူတူ ပါသနည်း။

ကိုယ်တော် သည် သမုဒ္ဒရာ ၌ ကြွ တော်မူ၍ ၊ လမ်း ခရီးတော်သည် ကျယ်ဝန်း သော ရေ တွင် ရှိသဖြင့် ၊ ခြေ တော်ရာတို့သည် မ ထင်ရှား ကြပါ။

အို ထာဝရဘုရား ၊ စီရင်တော်မူသောအမှု တို့သည်ကြီးမား ၍၊ အကြံ အစည်တော်လည်း အလွန် နက် လှပါ၏။

အဲဂုတ္တုပြည်သားတို့တွင်၊ လက္ခဏာ သက်သေ တော်တို့ကိုပြ ၍ ၊ ဟာမ အမျိုးနေရာပြည် ၌ အံ့ဘွယ် သော အမှုတို့ကို ပြုကြ၏။

ဒါဝိဒ် မင်း၏ ရာဇ ပလ္လင်ပေါ် မှာထိုင်၍၊ နိုင်ငံ တော်ကို နောင်ကာလအစဉ်မပြတ်၊ တရား တော်အတိုင်း ဖြောင့်မတ် စွာစီရင်၍အမြဲတည် စေတော်မူမည်အကြောင်း ၊ အာဏာ တော် တိုးတက် ခြင်းနှင့် ငြိမ်သက် တော်မူခြင်း သည် နိစ္စ အမြဲရှိလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် အလို တော်အားကြီး၍၊ ထို အမှုကို ပြီးစီး စေတော်မူလိမ့်မည်။

ထို အမှုသည်လည်း ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား အကြံပေးတော်မူသောအမှုတည်း။ အကြံ ပေးတော်မူခြင်းသည် အံ့ဩ ဘွယ်ဖြစ်၏။ ဉာဏ် တော် သည်လည်း ထူးဆန်း ပေ၏။

အိပ်မက် တော်ကို ပြန်ပြော စေခြင်းငှါ မာဂု ပညာရှိ၊ ဗေဒင် တတ်၊ သူပြု ဆရာ၊ ခါလဒဲ ဆရာတို့ကို ခေါ် ချေဟု အမိန့် တော်ရှိသည်အတိုင်း ၊ သူတို့သည် အထံ တော်သို့ ရောက် လာကြသည်ရှိသော် ၊

အကြောင်းမူကား၊ အမြင့်ဆုံး သောဘုရားသည် လောကီနိုင်ငံ ကို အုပ်စိုး တော်မူသည်ကို၎င်း၊ ပေးလို သောသူတို့ အားပေး တော်မူသည်ကို၎င်း၊ ယုတ်မာသောသူတို့ ကို ချီးမြှောက်၍ နိုင်ငံကို အပ်ပေးတော်မူသည်ကို၎င်းသတ္တဝါတို့ သိနားလည်ရသောအခွင့်ရှိစေခြင်းငှါ၊ သစ်ပင်စောင့်တို့သည် ဤသို့စီရင်ကြပြီ။ သန့်ရှင်းသူတို့ သည် အမိန့်တော်ကိုပေး ကြပြီဟု ဟစ်ကြော်လေ၏။

ငါအစိုးရသောတနိုင်ငံလုံးတွင် ရှိနေသော သင်တို့သည် ဒံယေလ ၏ ဘုရား သခင်ကို ကြောက်ရွံ ရိုသေကြကုန်ဟု ငါအမိန့် တော်ရှိ၏။ အကြောင်း မူကား၊ ထို ဘုရား သခင်သည် အသက် ရှင်တော်မူသောဘုရား၊ နိစ္စ ထာဝရတည် တော်မူသောဘုရားဖြစ်တော်မူ၏။ နိုင်ငံ တော်သည် ပျက်စီး ခြင်းသို့ မ ရောက်နိုင်။ အာဏာစက် တော်လည်း အစဉ်အဆက် တည်လိမ့်မည်။

ကောင်းကင် အောက် ၌ နိုင်ငံ နှင့်တကွအာဏာစက် ဘုန်း တန်ခိုးရှိသမျှကို အမြင့်ဆုံး သော ဘုရား၏ သန့်ရှင်း သော အမျိုးသား တို့သည် ရ ကြလိမ့်မည်။ ထို ဘုရားသခင်၏ နိုင်ငံ တော်သည် ထာဝရ နိုင်ငံ ဖြစ်၏။ မင်းကြီး အပေါင်း တို့သည် တိုးဝင်၍ ကျွန် ခံရကြလိမ့်မည်။

ဘုရားသခင် ၏ပညာ နှင့် ဉာဏ် တော်သည် အလွန်ကျယ်ဝန်း နက်နဲ စွတကား။ စီရင် တော်မူချက်တို့ကို အဘယ်သူ မျှစစ် ၍ မကုန်နိုင်။ ကြွတော်မူရာလမ်း တို့ကို လိုက် ၍ရှာသော်လည်းမတွေ့မမှီနိုင်။

သား တော်ကိုကား၊ အိုဘုရားသခင် ၊ ကိုယ်တော် ၏ ပလ္လင် သည် နိစ္စ ထာဝရပလ္လင် ဖြစ်ပါ၏။ ကိုယ်တော် နိုင်ငံ သည် တရား သဖြင့် စီရင်သော နိုင်ငံဖြစ်ပါ၏

ဘုရားသခင် သည် အရာရာ ၌ ယေရှု ခရစ် အားဖြင့် ဘုန်းတော်ထင်ရှား စေမည်အကြောင်း ၊ ဟောပြော သောသူ သည်ဘုရားသခင် ၏ ဗျာဒိတ် တော်နှင့်အညီ ဟောပြောစေ။ အခြားသောအမှုကို ဆောင်ရွက် သောသူ သည်၊ ဘုရားသခင် ပေး သနားတော်မူသော အစွမ်း သတ္တိအတိုင်း ဆောင်ရွက်စေ။ ထိုဘုရားသခင် သည် ကမ္ဘာ အဆက်ဆက်ဘုန်း အသရေ အစွမ်းသတ္တိရှိ တော်မူစေသတည်း။ အာမင် ။