TSK

TSK · ဒံယေလအနာဂတ္တိကျမ်း။ 4:37

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

သင် မှစ၍ သင် ၏လူ ၊ သင် ၏ကျွန် ရှိသမျှ တို့ အပေါ် ၌ တက် ကြလိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူသည် အကြောင်းကို ကြားပြော လော့ဟု မောရှေ အား မိန့် တော်မူ၏။

ဘုရားသခင် သည် မူလအမြစ်ဖြစ်၍၊ အမှု တော်သည် စုံလင် ပေ၏။ စီရင် တော်မူသမျှ တို့သည် တရား နှင့် ညီလျက်၊ သစ္စာ စောင့်သောဘုရား ၊ အပြစ် ကင်းလွတ် ၍ ဟုတ်မှန် ဖြောင့်မတ် သော ဘုရားဖြစ်တော်မူ၏။

အာရှုရိ ရှင်ဘုရင် ၏ ဗိုလ် မင်း များကို စစ်ချီစေတော်မူသဖြင့်၊ သူတို့သည် မနာရှေ ကို ဆူးတော ၌ ဘမ်းမိ ၍ ၊ သံကြိုး နှင့် ချည်နှောင် ပြီးမှ ၊ ဗာဗုလုန် မြို့သို့ ဆောင် သွားကြ၏။

¶ ထိုအခါ ရှင် ဘုရင်က၊ သင်ပြော သည်အတိုင်း အလျင် အမြန်သွား၍၊ အဝတ် တန်ဆာနှင့် မြင်း တော်ကို ယူ ပြီးလျှင် ၊ ယုဒ အမျိုးသား၊ နန်းတော်တံခါး မှူးမော်ဒကဲ ၌ ပြု လော့။ သင်ပြော သမျှ တွင် ၊ တစုံ တခုမျှမ လပ် စေနှင့်ဟု ဟာမန် အား မိန့် တော်မူ၏။

အကြောင်း မူကား၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ဖြောင့်မတ် ပေ၏။ စီရင်တော်မူသမျှ သော အမှု တို့သည်လည်း သစ္စာ တရား နှင့် ညီကြ၏။

အို ထာဝရဘုရား ၊ စီရင် တော်မူချက်တို့သည် ဟုတ်မှန် ကြောင်း ကို၎င်း ၊ သစ္စာ တော်နှင့်အညီအကျွန်ုပ် ကို ဆင်းရဲ စေတော်မူကြောင်းကို၎င်းအကျွန်ုပ်သိ ပါ၏။

ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား သည် တရားစီရင် ခြင်းအားဖြင့် ချီးမြှောက် ခြင်းသို့ရောက်တော်မူလိမ့်မည်။ သန့်ရှင်း တော်မူသောဘုရား သခင်သည် ဖြောင့်မတ် ခြင်းအားဖြင့် ၊ သန့်ရှင်း ခြင်းရှိတော်မူလိမ့်မည်။

သင်ပြု ဘူးသမျှ သော အမှုတို့ကို ငါ မမှတ်။ စိတ်ပြေ သောအခါ သင်သည် အောက်မေ့ ၍ ရှက်ကြောက် ခြင်းနှင့် မျက်နှာ ပျက်ခြင်းကြောင့် ၊ နှုတ် ကို မ ဖွင့် ဘဲနေ ရလိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ ၏။

ဤ မြို့ကား၊ ငါ့နိုင်ငံတည်ရာ၊ ငါ့ ရွှေဘုန်း တော်ကို ချီးမြှောက် ရာဘို့ ၊ ငါ့ တန်ခိုး အာနုဘော်အားဖြင့် ငါ တည် လုပ်သော ဗာဗုလုန် မြို့ကြီး မ ဟုတ်လောဟု မြွက်ဆို ၏။

စပျစ်ရည် ကိုသောက် ၍ ၊ ရွေ ဘုရား ၊ ငွေ ဘုရား၊ ကြေးဝါ ဘုရား၊ သံ ဘုရား၊ သစ်သား ဘုရား၊ ကျောက် ဘုရားတို့ကို ချီးမွမ်း ကြ၏။

¶ ထို အခါ ယေရှု က၊ ကောင်းကင် နှင့် မြေကြီး ကို အစိုးရတော်မူသောအဘ ၊ ကိုယ်တော်သည် ပညာ အလိမ္မာ နှင့် ပြည့်စုံသောသူတို့အား ဤအရာ များကို ထိမ်ဝှက် ကွယ်ထားလျက် သူငယ် တို့အား ဖော်ပြ တော်မူသည်ဖြစ်၍ ၊ ကျေးဇူး တော်ကို အကျွန်ုပ်ချီးမွမ်းပါ၏။

ထိုဝိညာဉ်တော်သည် သာ၍ များသောကျေးဇူး ကိုပြု တော်မူ၏။ ထိုသို့ နှင့်အညီကျမ်းစာလာ သည်ကား၊ ထောင်လွှား စော်ကားသောသူတို့ကို ဘုရားသခင် ဆီးတား တော်မူ၏။ စိတ် နှိမ့်ချသော သူတို့အား ကျေးဇူး ပြု တော်မူ၏ဟုလာသတည်း။

ထိုနည်းတူ ၊ အသက် ပျိုသောသူတို့၊ အသက်ကြီး သော သူတို့၏ စကားကိုနားထောင် ကြလော့။ ထိုမျှမက ၊ အချင်းချင်း တစ်ယောက်အောက်တစ်ယောက်နှိမ့်ချ လျက်နေ၍၊ နှိမ့်ချခြင်းတန်ဆာကိုဆင် ကြလော့။ အကြောင်းမူကား ၊ ထောင်လွှား စော်ကားသော သူတို့ကို ဘုရားသခင် တားဆီး တော်မူ၏။ စိတ် နှိမ့်ချသောသူတို့အား ကျေးဇူး ပြု တော်မူ၏။

ထိုသူတို့သည် သန့်ရှင်း သူတို့၏ အသွေး ၊ ပရောဖက် တို့၏ အသွေးကို သွန်းလောင်း ကြသည်ဖြစ်၍ ၊ သူ တို့အား အသွေး ကို တိုက် တော်မူပြီ။ သူတို့လည်း ခံ ထိုက် ကြပါ၏ဟု လျှောက်ဆို သည်ကို ငါကြား ၏။