TSK

TSK · ဒံယေလအနာဂတ္တိကျမ်း။ 5:11

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

ကိုယ်တော် ကျွန် မကလည်း ၊ ငါ့ သခင် အရှင်မင်းကြီး ၏ အမိန့် တော်ကြောင့် ချမ်းသာ ရ မည်။ ဘုရား သခင်၏ကောင်းကင် တမန်ကဲ့သို့ ငါ့ သခင် အရှင် မင်းကြီးသည် ကောင်း မကောင်း ကို ပိုင်းခြား ၍ သိတော်မူ၏ဟု အောက်မေ့ပါ၏။ ကိုယ်တော် ၏ ဘုရား သခင်ထာဝရဘုရား သည် ကိုယ်တော် နှင့်အတူ ရှိ တော်မူလိမ့်မည်ဟု လျှောက် လေ၏။

ကိုယ်တော်သည် ဤနက်နဲ သောအရာကို ဖွင့်ပြ နိုင်သည်ဖြစ်၍၊ အကယ် စင်စစ်ကိုယ်တော် ၏ ဘုရား သခင်သည် ဘုရား တို့၏ဘုရား ၊ ဘုရင် တို့၏ အရှင် ၊ နက်နဲ သော အရာကိုဖွင့်ပြ တော်မူသောသခင်ဖြစ် တော်မူ၏ဟု မိန့် တော်မူ၍၊

ကြောက်မက်ဘွယ်သော အိပ်မက် ကို မြင် ၍ ၊ သာလွန် ပေါ် မှာ အိပ်လျက် စိတ်ထဲ၌အာရုံပြုသောရူပါရုံ အားဖြင့်တုန်လှုပ် ခြင်းသို့ ငါ ရောက်လေ၏။

နောက်မှငါ ကိုးကွယ်သောဘုရား ၏ နာမ အားဖြင့်ဗေလတရှာဇာ ဟုခေါ်သမုတ်၍၊ သန့်ရှင်း သော ဘုရား သခင်၏ ဝိညာဉ် တော်နှင့် ပြည့်စုံသော ဒံယေလ သည် ငါ့ ထံသို့ ဝင်လာလျှင်၊

သင် သည် ဘုရား သခင်၏ ဝိညာဉ် နှင့်၎င်း ၊ ထူးဆန်း သော ပညာ ဉာဏ် သတ္တိနှင့်၎င်း ပြည့်စုံသည်ဟု သင် ၏ သိတင်းကို ငါကြား ၏။

ပေါလု ပြု သောအမှု ကိုမြင် သော လူ အစုအဝေး တို့က၊ နတ်ဘုရား တို့သည် လူ အယောင် ကိုဆောင်၍ ငါ တို့ရှိရာသို့ ဆင်းသက် ပါသည် တကားဟု လုကောနိ ဘာသာစကားအားဖြင့်အသံ ကိုလွှင့် ၍ ဆို ကြ၏။

ငါ ၏နာမ ကိုလည်း မ စွန့် မပယ်။ ယုဒ လူ ဖြစ် ယောင်ဆောင်၍ အမှန် မ ဟုတ်ဘဲ ၊ မုသာ စကားကိုပြော သောသူတည်းဟူသော၊ စာတန် ၏ အပေါင်းအသင်းဝင်သူ အချို့တို့ကို သင်၌ငါအပ်ပေး မည်။ သူ တို့သည်လာ ၍ သင် ၏ခြေ ရင်း၌ ပြပ်ဝပ် စေခြင်းငှာ ၎င်း ၊ ငါ သည်သင့် ကို ချစ် သည်ဟု သိ စေရခြင်းငှာ ၎င်း ငါပြု မည်။