TSK

TSK · ဒံယေလအနာဂတ္တိကျမ်း။ 7:1

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

ညဉ့် အခါ ဗျာဒိတ် တော်အားဖြင့် ဘုရား သခင်က၊ ယာကုပ် ၊ ယာကုပ် ဟုခေါ် တော်မူလျှင် ၊ ယာကုပ်က အကျွန်ုပ် ရှိ ပါသည်ဟု လျှောက် လေ၏။

လူ တို့သည်ကြီးစွာ သော အိပ်ပျော်ခြင်းသို့ရောက်၍ ၊ ထူးဆန်းသောရူပါရုံ ထင်ရှားရာ ကာလညဉ့် အချိန်၌ ငါအောက်မေ့စဉ်တွင်၊

¶ တဖန် ထာဝရဘုရား က၊ သင် သည်ကြီး သော ကျောက်သင်ပုန်း ကိုယူ ပြီးလျှင် ၊ အသော့လုယက် မြန်မြန်ဖျက်လော့ဟု ဆိုလိုသော၊ မဟေရရှာလလဟာရှဗတ် ဟူသောအက္ခရာစာလုံးကို လူ ဘာသာ အားဖြင့် ရေး ထားလော့ဟု ငါ့ အား မိန့် တော်မူ၏။

အိပ်မက် မြင်သော ပရောဖက် သည် အိပ်မက် စကားကို ပြော ပါလေစေ။ ငါ ၏နှုတ်ကပတ် တော်ကို ခံရသောသူ သည်နှုတ်ကပတ် စကားတော်ကို မှန်ကန် စွာ ဟော ပြောပါလေစေ။ အဖျင်း သည်စပါး နှင့် အဘယ် သို့ဆိုင် သနည်းဟု ထာဝရဘုရား မိန့် တော်မူ၏။

ထိုအခါယေရမိ သည် နေရိ သား ဗာရုတ် ကို ခေါ် ပြီးလျှင် ထာဝရဘုရား မိန့် တော်မူသမျှ သော စကား တော်တို့ကို ပြန်ပြော သည်အတိုင်း ၊ ဗာရုတ် သည် စာလိပ် ၌ ရေး ထားလေ၏။

ဘုရား သခင်သည် ထို လုလင် လေး ယောက်တို့ အား အထူးထူး သော သိပ္ပံ အတတ်ပညာတို့ကို သိ စေခြင်းငှါ၊ ထိုးထွင်း၍ နားလည်နိုင်သော ဉာဏ် သတ္တိကို ပေး သနားတော်မူ၏။ ဒံယေလ သည်လည်း ဗျာဒိတ် ရူပါရုံနှင့် အိပ်မက် ကိုနားလည် နိုင်သော ဉာဏ်ပညာနှင့်ပြည့်စုံ၏။

နက်နဲ သော အရာတို့ကို ဖွင့်ပြ ၍၊ နောင် ကာလ ၌ ဖြစ် လတံ့သော အရာတို့ကို နေဗုခဒ်နေဇာ မင်းကြီး အား ကြား ပြောတော်မူသောဘုရား သခင်တဆူသည် ကောင်းကင် ဘုံမှာ ရှိ တော်မူ၏။

¶ တရံရောအခါဗေလရှာဇာ မင်းကြီး သည် မှူးမတ် တထောင် ကို ခေါ်ပြီးလျှင်ကြီး စွာသော ပွဲ ကို လုပ် ၍ ၊ မှူးမတ်တထောင် နှင့်တကွစပျစ်ရည် ကို သောက် တော်မူ၏။

ထိုညဉ့် အခါ ငါသည် အာရုံ ပြု၍၊ လူ သား နှင့် တူသောသူတဦးသည် မိုဃ်းတိမ် ကိုစီးလျက်၊ အသက်ကြီးသောသူ ၏အထံ တော်သို့ ရောက် လာ၏။ ထိုသူကို အထံ တော်ပါးသို့သွင်းကြ၏။

¶ ဗေလရှာဇာ မင်းကြီး နန်းစံ သုံး နှစ် တွင် ၊ ငါ ဒံယေလ သည် ယခင် ဗျာဒိတ်တော်ကို မြင် ပြီးသည်နောက် ၊ တဖန် ဗျာဒိတ် ရူပါရုံကို မြင် ရသောအကြောင်းအရာဟူမူကား၊

အကယ် စင်စစ်အရှင် ထာဝရဘုရား သည် မိမိ ကျွန် ပရောဖက် တို့အား မဘော် မပြဘဲ အဘယ်အမှုကိုမျှ စီရင် တော်မ မူ။

ဟောဘူးအချက်ကား၊ နောင် ကာလ ၌ လူမျိုး တကာ တို့အပေါ်သို့ ငါ ၏ဝိညာဉ် တော်ကိုငါသွန်းလောင်း မည်။ သင် တို့၏သား သမီး တို့သည် ပရောဖက် ဉာဏ်နှင့် ဟောပြောရကြလိမ့်မည်။ အသက် ငယ်သောသူ တို့သည် ဗျာဒိတ် ရူပါရုံတို့ကို မြင် ရကြလိမ့်မည်။ အသက်ကြီး သောသူ တို့သည်လည်း နိမိတ်အိပ်မက် တို့ကိုမြင်မက် ရ ကြလိမ့်မည်။

¶ ငါသည်ဝါကြွား ခြင်းကိုမ ပြု သင့်လျှင်၊ သခင် ဘုရားပြတော်မူသော ထူးဆန်းသောရူပါရုံ နှင့် ဗျာဒိတ် တော်များကို တဖန်ပြောဦးမည်။

မိုဃ်းကြိုး သံ ခုနစ် ချက်မြည် ပြီးမှ ငါသည်ရေးမှတ် မည်ဟု အားထုတ် သော် ၊ ကောင်းကင် မှ ထွက်သော အသံ ကား၊ မိုဃ်းကြိုး သံခုနစ် ချက်မြည် သောအရာ ကို တံဆိပ် ခတ်လော့။ မ ရေး မမှတ်နှင့်ဟု ဆို သည်ကို ငါကြား ၏။