ငါ တို့ ဘုရား သခင်ကဲ့သို့ သော ခိုလှုံစရာမ ရှိ။ ကိုယ့်ကိုကိုယ်မချီးမြှောက် ကြနှင့်။ ဝါကြွား စော်ကားသော စကားကိုမ ပြော ကြနှင့်။ အဓမ္မ စကားကို နှုတ် ထဲက မထွက် စေကြနှင့်။ အကြောင်း မူကား၊ ထာဝရဘုရား သည် သဗ္ဗညုတ ဘုရား ဖြစ်တော်မူ၏။ အမှု အရာတို့ကို ညှိညွှတ် တော်မူ၏။
TSK
TSK · ဒံယေလအနာဂတ္တိကျမ်း။ 7:8
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
သူ၏ခေါင်း ၌ ရှိသော ချို ဆယ် ချောင်းကား၊ အဘယ်သို့ဆိုလိုသည်ကို၎င်း၊ နောက်ပေါက်၍ အရင်ချို သုံး ချောင်းကိုနှုတ်၍၊ ကြီး စွာသော စကားကို ပြော တတ် သော နှုတ် နှင့် မျက်စိ ရှိသဖြင့်၊ မိမိအဘော် တို့ ထက် သာ၍ရဲရင့်သော မျက်နှာအဆင်း ရှိသောချိုတချောင်းကား၊ အဘယ်သို့ဆိုလို သည်ကို၎င်းသိခြင်းငှါငါအလို ရှိ၏။
ထိုနိုင်ငံ တို့၏ အဆုံးစွန်သောကာလ၌ လွန်ကျူး သောသူတို့ ၏ အပြစ်ပြည့်စုံ သောအခါ ၊ ရဲရင့် သော မျက်နှာ ရှိ၍ ပရိယာယ် တို့ကို နားလည် သော မင်းကြီး တပါး ပေါ် လာလိမ့်မည်။
ထိုသူ သည် ဘုရားသခင်ဟူ၍၎င်း ၊ ဘုရား ဟူ၍၎င်း၊ ခေါ်ဝေါ် သမျှ သောအရာတို့ကို ရန်ဘက် ပြု၍၊ ကိုယ်ကိုကိုယ် ချီးမြှောက်သောအားဖြင့်၊ ဘုရားသခင် ၏ ဗိမာန် တော်၌ ဘုရားသခင် ကဲ့သို့ ထိုင် ၍၊ ဘုရားသခင် ဖြစ်ယောင်ဆောင်လျက် ကိုယ် ကိုပြ သောသူဖြစ် သတည်း။
အကြောင်းမူကား ၊ မှားယွင်း ခြင်း၌ ကျင်လည် သော သူ တို့အထဲက ပြေးထွက် လု သောသူ တို့ကို၊ ထောင်လွှား သော အချည်းနှီးစကား ပြော သည်နှင့်၊ ဇာတိ ပကတိ တပ်မက် ခြင်း၊ ကိလေသာ လွန်ကျူးခြင်းအားဖြင့် အပြစ်သို့ သွေးဆောင် တတ်ကြ၏။
ထိုကျိုင်းကောင် တို့၏ အဆင်း သဏ္ဌာန်သည် စစ်တိုက် ခြင်းငှာ ပြင်ဆင် သောမြင်း ၏ အဆင်းသဏ္ဌာန် နှင့် တူ၏။ ခေါင်း ပေါ် မှရွှေ သရဖူ ကို ဆောင်းဟန်ရှိ၏။ မျက်နှာ သည်လူ မျက်နှာ ကဲ့သို့ ဖြစ်၏။
ထိုသားရဲ ၌ အာဏာစက် ကို အပ်ပေး သော နဂါး ကို ကိုးကွယ် ကြ၏။ သားရဲ ကိုလည်း ကိုးကွယ် ၍၊ အဘယ်သူ သည် သားရဲ နှင့်တူ သနည်း။ အဘယ်သူ သည်သူ့ ကိုစစ် ပြိုင်နိုင် သနည်းဟု ပြောဆို ကြ၏။