TSK

TSK · ဒံယေလအနာဂတ္တိကျမ်း။ 9:27

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

ကောင်းကင် မြေကြီး ကို သင် တို့တဘက် ၌ ယနေ့ ငါတိုင်တည် သည်ကား၊ သင် တို့သည် ယော်ဒန် မြစ်ကို ကူး ၍ ဝင်စား သောပြည် ၌ ၊ မကြာ မမြင့်မှီဆက်ဆက်ပျောက်ပျက် ရကြ လိမ့်မည်။ ထိုပြည် ၌ တာရှည်စွာ အသက် မ ရှင်ရ။ ရှင်းရှင်းပျက်စီး ခြင်းသို့ ရောက်ရကြ လိမ့်မည်။

ငါ တို့ဘုရားသခင် ထာဝရဘုရား ထံ တော်မှ လွှဲရှောင် ချင်သော သဘော ရှိလျက် ၊ ထို လူမျိုး တို့၏ ဘုရား များထံသို့ သွား ၍ ဝတ်ပြု သောယောက်ျား ၊ မိန်းမ ၊ အဆွေ အမျိုးတစုံတယောက်သည် သင် တို့တွင် ပါမည်ဟူ၍၎င်း၊ ခါး စွာသောအသီး၊ ဒေါန ကို သီး တတ်သော အပင်မြစ် သည် သင် တို့တွင် ပေါက်မည်ဟူ၍၎င်း၊

သင် တို့အမျိုးအနွယ် အသက်ကြီး သူ၊ အရာ ရှိသူ အပေါင်းတို့ကို ငါ့ ထံမှာ စုဝေး စေကြလော့။ ဤ စကား တို့ ကို သူ တို့အား ဟောပြော ၍ သူ တို့တဘက် ၌ ကောင်းကင် မြေကြီး ကို ငါတိုင်တည် မည်။

သူ တို့စားပွဲ သည် သူ တို့ရှေ့ မှာ ကျော့ကွင်း သော် ၎င်း၊ ခံ ထိုက်သောအပြစ်သော် ၎င်း၊ ထောင် ချောက်သော် ၎င်း ဖြစ် ပါစေ။

ကောင်းကင်ဗိုလ်ခြေ ရှင် ထာဝရဘုရား သည် မြေ တပြင်လုံး အလယ် ၌ စီရင် ဆုံးဖြတ်သော၊ သုတ်သင် ပယ်ရှားခြင်းကို ပြု တော်မူလိမ့်မည်။

ယခု မှာ သင်တို့သည် သာ၍ပြင်းစွာ သော ဆုံးမ ခြင်းနှင့် လွတ်မည်အကြောင်း၊ နောက်တဖန် ဆဲရေး ခြင်း ကို မ ပြုကြနှင့်။ ပြည် တပြည်လုံး ၌ အနှံ့အပြားစီရင် ဆုံးဖြတ် သော သုတ်သင် ပယ်ရှင်းခြင်း ရှိလိမ့်မည်ဟု ကောင်းကင် ဗိုလ်ခြေ သခင် အရှင်ထာဝရဘုရား ထံ တော်၌ ငါ ကြား ရပြီ။

မိမိ စိတ် ဝိညာဉ်ခံရသောဝေဒနာ ၏အကျိုးကို မိမိမြင် ၍ အား ရလိမ့်မည်။ ထိုဖြောင့်မတ် သော ငါ ၏ကျွန် ကို သိကျွမ်း ခြင်းအားဖြင့် ၊ သူသည် အများ သောသူတို့ ကို ဖြောင့်မတ် ရာ၌ တည်စေလိမ့်မည်။ သူ တို့၏အပြစ် ကို ကိုယ်တိုင် ဆောင်ရွက် ရ၏။

ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါသည် ဤလူမျိုး ၏ဘိုးဘေး တို့ကိုလက်ဆွဲ ၍ အဲဂုတ္တု ပြည် မှ ဆောင်သွား သောအခါ၊ သူတို့၌ငါပေးသောပဋိညာဉ်တရားနှင့် ခြားနားသောပဋိညာဉ်တရား သစ် ကို ဣသရေလ အမျိုးသား ၊ ယုဒ အမျိုးသား တို့၌ ငါပေး သောအချိန် ကာလရောက် လိမ့်မည်။

သို့သော်လည်း ၊ ငါ သည်သင့် အသက် ငယ်စဉ်၊ ဖွဲ့သောပဋိညာဉ် ကို အောက်မေ့ ၍ ၊ တဖန် ထာဝရ ပဋိညာဉ် ကို သင် နှင့် ဖွဲ့ ဦးမည်။

ထိုအခါ သန့်ရှင်း သူတပါး ၏ စကားပြော သံကို ငါကြား ၏။ သန့်ရှင်း သူတပါး က၊ ယခင်ပြော သောသူကို ဟစ်၍၊ သန့်ရှင်း ရာဌာနနှင့် ဗိုလ်ခြေ ကိုနင်း ခြင်း အလိုငှာ နေ့ရက်အစဉ် ပြုသောဝတ်ကို ပယ်ခြင်းနှင့်၎င်း ၊ ဖျက်ဆီး တတ်သော လွန်ကျူး ခြင်းနှင့်၎င်း စပ်ဆိုင်သော ဗျာဒိတ် ရူပါရုံသည်အဘယ် မျှ ကာလပတ်လုံး တည်လိမ့်မည် နည်းဟုမေးမြန်း လျှင် ၊

နေ့ရက်အစဉ် ပြုသောဝတ်ကို ပယ်ရှင်း ၍၊ ဖျက်ဆီး တတ်သော ရွံ့ရှာ ဘွယ်အရာသည် ပေါ်လာပြီးမှ ၊ အရက် တထောင် နှစ် ရာကိုး ဆယ်ကြာလိမ့်မည်။

ဤ ခွက်ကား ပဋိညာဉ် တရားသစ်နှင့်ဆိုင်၍ လူများ တို့၏အပြစ် ကိုလွတ် စေခြင်းငှာ သွန်း သော ငါ ၏ အသွေး ဖြစ် ၏။

ပရောဖက် ဒံယေလ ဟော သည် အတိုင်း၊ ဖျက်ဆီး တတ်သော ရွံရှာဘွယ် အရာသည် မ နေသင့် သောအရပ် ၌ စိုက်နေ သည်ကို သင်တို့မြင် ရလျှင် ၊ ကျမ်းစာကိုကြည့် သောသူ သည် နားလည် ပါစေ။ ထိုသို့ မြင်ရလျှင် ယုဒ ပြည် ၌ ရှိသော သူ တို့သည်တောင် ပေါ်သို့ ပြေး ကြစေ။”

သူတို့သည် ဓား ဘေးဖြင့် ပျက်စီးခြင်းသို့ ရောက် ကြလိမ့်မည်။ အခြား သောပြည်အရပ်ရပ် သို့ ဖမ်း သွားကြလိမ့်မည်။ တစ်ပါး အမျိုးသားတို့သည် မိမိ တို့ အချိန် ကာလမ ပြည့်စုံ မှီတိုင်အောင်ယေရုရှလင် မြို့ကို ခြေနှင့် နင်း ကြလိမ့်မည် ။

အကြောင်းမူကား ၊ တစ် ယောက်သောသူ သည် နား မထောင်သောအားဖြင့် ၊ လူ များတို့သည် အပြစ် ရောက် သည်နည်းတူ ၊ တစ်ယောက်သောသူသည် နားထောင် သောအားဖြင့် ၊ လူ များတို့သည် ဖြောင့်မတ် ရာသို့ ရောက် ရကြ၏။

တဖန်ငါ ဆိုသည်ကား ၊ ယေရှုခရစ် သည် ဘုရားသခင် ၏ သစ္စာ တော်ကို ထောက် ၍၊ ဘိုးဘေး များခံရသော ဂတိ တော်တို့ကိုတည် စေခြင်းငှာ ၊

ယုဒလူတို့သည် သခင် ယေရှု မှစ၍ ပရောဖက် များကို အသေသတ် ကြပြီ။ ငါ တို့ကိုလည်း ညှဉ်းဆဲ ကြပြီ။ ဘုရားသခင် ၏ အလို တော် သို့မ လိုက်၊ ခပ်သိမ်း သောလူ တို့နှင့် ဆန့်ကျင်ဘက် ဖြစ်ကြ၏။

ပဌမပဋိညာဉ် တရားကို ထာဝရ ဘုရားသည် အပြစ်တင် ၍ မိန့် တော်မူသည်ကား၊

ထိုနည်းတူ ၊ ခရစ်တော် သည် လူများ အပြစ် တို့ကို ခံခြင်းငှာတစ်ခါ တည်းကိုယ်ကိုပူဇော် ပြီးမှ၊ နောက်တစ်ဖန် ထိုသခင် ကို မြော်လင့် လျက် နေသောသူ တို့ကို ကယ်တင် ခြင်းအလိုငှာ ၊ အပြစ် နှင့်မ ဆိုင်ဘဲ ပေါ်ထွန်း တော်မူလတံ့။

ထာဝရ ပဋိညာဉ် တရား၏ အသွေး တော်အားဖြင့် ၊ သိုး များကိုထိန်းသော သိုးထိန်း ကြီး ဖြစ်သော ငါ တို့သခင် ယေရှု ကိုသေ ခြင်းမှ နှုတ်ဆောင် တော်မူသော၊ ငြိမ်သက် ခြင်း၏အရှင်ဘုရားသခင် သည်၊