TSK

TSK · တရားဟောရာကျမ်း 14:21

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

ထိုနည်းတူ သိုး နွား တို့ကို ပြု ရမည်။ ခုနစ် ရက် ပတ်လုံးသိုးနွားသငယ်ကို အမိ နှင့် အတူ နေ စေ၍၊ အဋ္ဌမ နေ့ ရောက်မှ ငါ့ အား ဆက်ကပ် ရမည်။

သင် ၏မြေ ၌ အဦး သီးသော အသီးအနှံအကောင်းဆုံး ကို သင် ၏ ဘုရား သခင်ထာဝရဘုရား ၏ အိမ် တော်ထဲသို့ ဆောင် သွင်းရမည်။ ဆိတ် သငယ်ကို အမိ နို့ ရည်နှင့် မ ပြုတ် မချက်ရ။

အသွေး သည် ခပ်သိမ်း သော ကိုယ်ခန္ဓါ အသက် ရှင်ရာအကြောင်းဖြစ်၏။ ထိုကြောင့် သင်တို့သည် တစုံ တခုသောကိုယ်ခန္ဓါ ၏ အသွေး ကို မ စား ရဟု ဣသရေလ အမျိုးသား တို့အား ငါ့အမိန့် တော်ရှိ၏။ ခပ်သိမ်း သော ကိုယ်ခန္ဓါ အသက် သည် အသွေး ၌ တည်သောကြောင့်၊ အသွေးကို စား သောသူ မည်သည်ကား၊ ပယ်ရှင်း ခြင်းကိုခံရမည်။

အလိုလို သေသောအကောင်၊ သားရဲ ကိုက်၍ သေသောအကောင်အားဖြင့် ကိုယ်ကိုညစ်ညူး စေ၍ မ စား ရ။ ငါ သည် ထာဝရဘုရား ဖြစ်၏။

ငါကလည်း၊ အိုအရှင် ထာဝရဘုရား ၊ အကျွန်ုပ် သည် ညစ်ညူး ခြင်းသို့ မ ရောက်ပါသေး။ အလိုလို သေ သောအကောင်၊ သားရဲ ကိုက်၍ သေသောအကောင်၊ ရွံ့ရှာဘွယ် သောအကောင်၏ အသား ကို ငယ် သော အသက်အရွယ်မှစ၍ ယခု တိုင်အောင် အကျွန်ုပ် သည် မ စား ပါဟု လျှောက် လျှင် ၊

ပိတ်ချော ကိုဝတ် လျက် မြစ် ရေ ပေါ် မှာရှိသော လူ ကလည်း၊ တကာလ၊ နှစ်ကာလ၊ ကာလတဝက် ပတ်လုံးဖြစ်လိမ့်မည်။ သန့်ရှင်း သောသူ တို့ ၏ အစွမ်း သတ္တိကို အရပ်ရပ်သို့ ဖြန့် လွှင့်ခြင်းအမှုပြီး သောအခါ ၊ ထို အမှု အရာ အလုံးစုံ တို့သည် ကုန်စင် ကြလိမ့်မည်ဟု လက်နှစ်ဘက်ကို ကောင်းကင် သို့ ချီ လျှက် ၊ ကမ္ဘာ အဆက်ဆက်အသက် ရှင်တော်မူသောဘုရားကို တိုင်တည် ၍ ကျိန်ဆိုသည် ကို ငါကြား ၏။

သင် တို့သည် လောကီ ပုံသဏ္ဌာန်ကို မ ဆောင် ကြနှင့်။ ကောင်းမြတ် သောအရာ၊ နှစ်သက် ဘွယ်သောအရာ၊ စုံလင် သောအရာတည်းဟူသောဘုရားသခင် အလို တော်ရှိသော အရာသည် အဘယ် အရာဖြစ်သည်ကို သင် နိုင်မည်အကြောင်း ၊ စိတ် နှလုံးကို အသစ် ပြင်ဆင်၍ ပုံ သဏ္ဌာန်ပြောင်းလဲခြင်းသို့ ရောက်ကြလော့။