TSK

TSK · တရားဟောရာကျမ်း 31:17

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

သူ တို့ကြောင့် ထိတ်လန့် ခြင်း မ ရှိရ။ အကြောင်း မူကား၊ တန်ခိုးကြီး ၍ ကြောက်မက် ဘွယ်သောသင် ၏ ဘုရား သခင်ထာဝရဘုရား သည် သင် တို့တွင် ရှိတော်မူ ၏။

ထာဝရဘုရား သည် ဤ ပြည် ၌ အဘယ်ကြောင့် ဤသို့ ပြု တော်မူသနည်း။ ဤ ပြင်းစွာ သော အမျက် တော် အရှိန် ကား၊ အဘယ်သို့ နည်းဟု လူ အမျိုးမျိုး တို့သည် မေးမြန်း ကြလျှင်၊

အသက်ရှင် ခြင်း၊ သေ ခြင်း၊ ကောင်းကြီး ပေး ခြင်း၊ ကျိန် ခြင်းတို့ကို သင့် ရှေ့ ၌ ငါထား သည်ဟု သင့် တဘက် ၌ ကောင်းကင် မြေကြီး ကို ငါတိုင်တည် ၏။

ထာဝရဘုရား သည် ဣသရေလ အမျိုး၌ ပြင်းစွာအမျက်ထွက် လျက်၊ လုယူ သောသူတို့ လက် သို့ အပ် ၍ ၊ ပတ်ဝန်းကျင် သော ရန်သူ တို့၌ ရောင်း တော်မူသဖြင့်၊ ရန်သူ တို့ ရှေ့ မှာ သူတို့သည် တဖန် မ ရပ် နိုင် ကြ။

ငါ့ သား ရှောလမုန် ၊ သင့် အဘ ၏ဘုရားသခင် ကို သိ လော့။ စုံလင် သောနှလုံး ၊ ကြည်ညို သောစိတ် သဘောနှင့် ဝတ်ပြု လော့။ ထာဝရဘုရား သည် ခပ်သိမ်း သော စိတ် နှလုံးတို့ကို စစ်၍အကြံအစည် ရှိလေသမျှ တို့ကို သိတော်မူ၏။ ကိုယ်တော် ကို ရှာ လျှင် အတွေ့ ခံတော်မူမည်။ ကိုယ်တော် ကိုစွန့် လျှင် သင့် ကို အစဉ်အမြဲ စွန့် တော်မူမည်။

သို့သော်လည်း ၊ ဧဒုံ ပြည်သား တို့ သည် ယနေ့ တိုင်အောင် ယုဒ ရှင်ဘုရင်ကိုပုန်ကန် ကြ၏။ ထိုကာလ၌၊ လိဗန ပြည်သည်လည်း ပုန်ကန် ၏။ အကြောင်း မူကား၊ ယဟောရံ သည် ဘိုးဘေး တို့၏ ဘုရားသခင် ထာဝရဘုရား ကို စွန့် ၍၊

သို့ဖြစ်၍ ၊ အို အကျွန်ုပ် တို့၏ဘုရား ၊ ကြီးမြတ် ၍ မဟာ တန်ခိုးနှင့် ပြည့်စုံလျက် ကြောက်မက် ဘွယ်သော ဘုရား ၊ ကရုဏာ ပဋိညာဉ် တော်ကို စောင့် တော်မူသောဘုရား၊ အာရှုရိ ရှင်ဘုရင် လက်ထက် မှစ၍ ယနေ့ တိုင်အောင် ၊ အကျွန်ုပ် တို့ ရှင်ဘုရင် ၊ မှူးမတ် ၊ ယဇ်ပုရောဟိတ် ၊ ပရောဖက် ၊ အဆွေအမျိုးသူကြီး၊ ကိုယ်တော် ၏ လူ အပေါင်း တို့အပေါ် သို့ ရောက် သော ဘေးဒဏ် ရှိသမျှ ကို ပမာဏ မပြုဘဲ နေတော်မ မူပါနှင့်။

လူ ပြုသော အမှု ၏အကျိုးအပြစ်ကိုပေး တော်မူမည်။ လူတိုင်း ကိုယ်ကျင့်သောအကျင့်နှင့်အထိုက် အလျောက်ခံစေတော်မူမည်။

အကျွန်ုပ် ကို မျက်နှာ လွှဲ တော်မ မူပါနှင့်။ အမျက်ထွက် ၍ ကိုယ်တော် ၏ ကျွန် ကိုပယ် တော်မ မူပါနှင့်။ အကျွန်ုပ် ကို ကယ်တင် တော်မူသောဘုရား ၊ ကိုယ်တော်သည် အကျွန်ုပ် ကို မစ တော်မူဘူးသည်ဖြစ် ၍ ၊ အကျွန်ုပ် ကို စွန့်ပစ် တော်မ မူပါနှင့်။

အကျွန်ုပ် တို့ကို ရန်သူ ရှေ့ မှာပြန် ပြေး စေ တော်မူ၍ ၊ မုန်း သောသူတို့သည် အလိုလိုလုယူ ရကြ၏။

အမျက် တော်အရှိန် ကို အဘယ်သူ သိ ပါ သနည်း။ အမျက်ထွက် တော်မူခြင်းကို ကြောက်ရွံ့ သင့် သည်အတိုင်း အဘယ်သူကြောက်ရွံ့ပါသနည်း။

အကယ် စင်စစ်ကိုယ်တော်သည် ယာကုပ် အမျိုးသား တည်းဟူသောကိုယ်တော် ၏လူ တို့ကို စွန့်ပစ် တော်မူပြီ။ အကြောင်း မူကား၊ သူတို့သည် အရှေ့ ပြည်အတတ် နှင့် ကြွယ်ဝ ၍၊ ဖိလိတ္တိ လူတို့ကဲ့သို့ အနာဂတ္တိ ဆရာ ဖြစ်ကြ၏။ တပါး အမျိုးသားနှင့် အပေါင်း အဘော်ပြုကြ၏။

ယာကုပ် အမျိုးသား တို့တွင် မျက်နှာ တော်ကို ကွယ် ထားတော်မူသောထာဝရဘုရား ကို ငါသည် ဆိုင်းငံ့ လျက် မြော်လင့် မည်။

နာမ တော်ကို ပဌနာ ပြုသောသူ၊ ကိုယ်တော် ကို မှီဝဲ ခြင်းငှါ ကိုယ်ကိုကိုယ်နှိုးဆော် သော သူတယောက်မျှ မရှိပါ။ အကြောင်း မူကား၊ မျက်နှာ တော်ကိုလွှဲ ၍ အကျွန်ုပ် တို့ကို ဒုစရိုက် အပြစ်အားဖြင့် ဆုံးရှုံး စေတော်မူပြီ။

ဤ လူမျိုး တွင် ဆင်းရဲသားဖြစ်စေ၊ ပရောဖက် ဖြစ်စေ ၊ ယဇ်ပုရောဟိတ် ဖြစ်စေ၊ တစုံတယောက်က၊ ထာဝရဘုရား ၏ ဗျာဒိတ် တော်အဘယ်သို့ နည်းဟု သင့် ကို မေး လျှင် ၊ ပြန် ပြော ရမည်မှာ၊ သင်တို့နှင့်ဆိုင်သော ဗျာဒိတ် တော်ဟူမူကား၊ သင် တို့ကို ငါစွန့်ပစ် မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။

ခါလဒဲ လူတို့သည် စစ်တိုက် ခြင်းငှါ လာ ကြ၏။ ငါ သည် ပြင်းစွာအမျက် ထွက်၍ ကွပ်မျက် သော သူ တို့ ၏ အသေ ကောင်များနှင့် ထို အိမ်များကို ပြည့် စေခြင်းငှါ လာကြ၏။ ထိုသူ တို့၏ ဒုစရိုက် များကြောင့် ၊ ဤ မြို့ မှ ငါ သည် မျက်နှာ ကိုလွှဲ ပြီ။

သားသမီး တို့ကို ကျွေးမွေး သော်လည်း ၊ တယောက် ကိုမျှ မကျန်စေခြင်းငှါငါလု ယူမည်။ အကယ်၍ သူ တို့ကို ငါ စွန့်ပစ် သောအခါ အမင်္ဂလာ ရှိကြလိမ့်မည်။